BBC navigation

ဆီးရီးယားမှာ တိုက်ပွဲ ပြင်းထန်

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 00:42 GMT

လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်

ဆီးရီးယား နိုင်ငံ ဒမားစကပ်မြို့ တဝိုက်မှာ အစိုးရ တပ်နဲ့ သူပုန် လက်နက်ကိုင် တိုက်ခိုက်ရေး သမားတွေ အကြား တိုက်ပွဲက လပေါင်းများစွာ အတွင်း အပြင်းထန်ဆုံး ဖြစ်နေတဲ့ တိုက်ပွဲတွေဖြစ်ကြောင်း သတင်း ရရှိပါတယ်။

လက်နက်ကြီးတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်သံတွေ ထူးထူးခြားခြား တနေကုန် ကြားနေရတယ်လို့ မြို့ခံတွေက ပြောပြီး တချို့ နေရာတွေကို ကျရောက် လာတဲ့ အထိ အစိုးရတပ်ရဲ့ လက်နက်ကြီး မော်တာ တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ အတိုက်အခံ အရေး တက်ကြွ လှုပ်ရှားသူတွေကလည်း ဆိုပါတယ်။

နိုင်ငံပိုင် မီဒီယာ ကတော့ အဆိုအရ မြို့ အရှေ့ဖက် အစွန်က အကြမ်းဖက် သမား လက်နက်ကိုင်တွေ ခိုအောင်းနေတဲ့ နေရာတွေကို အစိုးရ တပ်တွေက ရှင်းလင်း ဖယ်ရှားခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်း အတွင်း ဒမားစကပ်စ်မြို့ အစွန် တဝိုက်က ဒေသ တော်တော်များများကို အတိုက်အခံ တွေက အမာခံ ခြေကုပ် ယူထားခဲ့တာ ဖြစ်ပါတယ်။

မကြာခင်က ကမ်းလှမ်းခဲ့တဲ့ တွေ့ဆုံညှိနှိုင်းရေးကို အတိုက်အခံဖက်က လက်ခံစေလိုတယ် ဆိုရင် ဆီးရီးယား အစိုးရ အနေနဲ့ ဖမ်းထားတဲ့ အကျဉ်းသားတွေကို လာမယ့် တနင်္ဂနွေနေ့က စလို့ ပြန်လွှတ်ပေးရမယ်လို့ အဓိက အတိုက်အခံ အဖွဲ့ အကြီးအကဲက ကိုင်ရိုမြို့မှာ ကျင်းပနေတဲ့ အစ္စလာမ် နိုင်ငံတွေက ခေါင်းဆောင်များ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။