BBC navigation

ဆီးရီးယား သူပုန် လက်နက်ထောက်ဖို့ကြံခဲ့

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 00:42 GMT
syria

ယမ်းငွေ့မပြယ်တဲ့ ဆီးရီးယားမြေ

ရာထူးက နားတော့မယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပနက်တာက ဆီးရီးယား သူပုန် တွေကို လက်နက် ထောက်ပံ့ဖို့ ထောက်ခံခဲ့ပြီး ခုလဲ ထောက်ခံ ဆဲ ရှိကြောင်း ပြောကြား လိုက်ပါတယ်။

မစ္စတာ ပနက်တာ ဒီလို ထုတ်ဖော်ပြောကြား လိုက်တာ ဟာ အမေရိကန် အဆင့်မြင့် အရာရှိ တယောက်က ဒီလို ထောက်ပံ့ဖို့ တိုက်တွန်းကြောင်း ပထမဆုံး လူသိရှင်ကြား ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

ဆီးရီးယား အတိုက်အခံ သူပုန်တွေကို လက်နက် တိုက်ရိုက် ထောက်ပံ့ဖို့နဲ့ လေ့ကျင့်ပေးဖို့ အစီအစဉ်ကို သူ ထောက်ခံခဲ့ပြီး မနှစ် နွေရာသီ တုန်းက အဲဒိချိန်က နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ စီအိုင်အေ အကြီးအကဲ ဒေးဗစ် ပက်ထရေးယက်စ် တို့ ရှေ့ အိမ်ဖြူတော်မှာ တင်သွင်းခဲ့တယ်လို့ သူက ပြောပါတယ်။

အမေရိကန် ရွေးကောက်ပွဲ လုပ်တဲ့နှစ်မှာ သမ္မတ အိုဘားမားက ဆီးရီးယား ပဋိပက္ခ နဲ့ ကင်းကင်း နေလိုတဲ့ အတွက် အိမ်ဖြူတော်က ဒီအစီအစဉ်ကို ပယ်ချခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။