BBC navigation

အီးယူ ဘတ်ဂျက်သစ် အတွက် ဆွေးနွေးနေ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 13:58 GMT
eu_budget

ဘတ်ဂျက်ကိစ္စ ဆွေးနွေးကြတဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်များ

လာမယ့် ၇ နှစ် အတွက် ဥရောပ သမဂ္ဂ အသုံးစားရိတ် နဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံ တွေက ခေါင်းဆောင် တွေ ဘရပ်ဆဲလ် မြို့မှာ ဆွေးနွေး နေကြပါတယ်။

လတ်တလောမှာ ခေါင်းဆောင်တွေ အကြား အဲဒီ ဘတ်ဂျက် အတွက် အချက်အလက် တချို့ကို ယေဘုယျ သဘော တူညီထားပြီး ဖြစ်ကာ မကြာခင် နာရီပိုင်း အတွင်းမှာပဲ သဘော တူညီမှုကို ရရှိ နိုင်မယ်လို့ ယုံကြည် နေကြပါတယ်။

ဗြိတိန် နိုင်ငံနဲ့ တခြား အဖွဲ့ဝင် တချို့ကတော့ ဥရောပ သမဂ္ဂရဲ့ ဘတ်ဂျက်ကို ပထမဆုံး အကြိမ် လျှော့ချ ပစ်ဖို့ အတွက် လိုလား နေကြပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အသုံးစားရိတ် လျှော့ချမှု မလုပ်မချင်း သဘောတူညီမှု ရနိုင်မှာ မဟုတ်ဘူးလို့လည်း သတိပေး ထားပါတယ်။

ဒါပေမယ့် ပြင်သစ် အပါအဝင် အဖွဲ့ဝင် နိုင်ငံ တချို့ကတော့ အဲဒီလို အသုံးစားရိတ် တွေ လျှော့ချခြင်း အားဖြင့် အလုပ်အကိုင်သစ် ဖန်တီး ပေးနိုင်မှု တွေကို ထိခိုက် နိုင်တယ်လို့ ဆိုနေ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။