BBC navigation

နိုင်ဂျီးရီးယားမှာ ပိုလီယိုဆေးပေးသူတွေ တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 14:24 GMT
nigeria

နိုင်ဂျီးရီးယားမှာ ကလေးငယ် တဦးကို ပိုလီယို ဆေးကျွေးနေစဉ်

နိုင်ဂျီးရီးယား နိုင်ငံမှာ ပိုလီယို ဆေးပေးနေတဲ့ ကျန်းမာရေး အဖွဲ့ဝင် တွေအပါအဝင် လူပေါင်း ၁၂ ဦးကို ဘယ်အဖွဲ့ ကမှန်း မသိရတဲ့ သေနတ် သမားတွေက ပစ်ခတ် သတ်ဖြတ်လိုက်ပါတယ်။

ကာနိုမြို့မှာ ဆေးပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်း ၄ ဦး သေဆုံး ခဲ့ရပြီး လူတချို့လည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျန်းမာရေး ဌာနက တာဝန်ရှိသူ တွေက ဘီဘီစီကို ပြောပါတယ်။

ကာနို မြို့အနီးက ဟိုတိုရို မြို့မှာလည်း နောက်ထပ် လူ ၈ ဦး သတ်ဖြတ် ခံခဲ့ရတယ်လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

အဲဒီ ထဲက တချို့ဟာ သူတို့ ကလေးတွေကို ဆေးထိုးပေးဖို့ စောင့်နေကြတဲ့ ကလေးမိခင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်းမှာ မွတ်စလင် ခေါင်းဆောင် တချို့က ပိုလီယို ကာကွယ်ဆေးကြောင့် သားဖွားနှုန်းတွေ ထိခိုက် နိုင်တယ် ဆိုပြီး အဲဒီလို ပိုလီယို ကာကွယ်ဆေး ပေးတဲ့ ကိစ္စတွေကို ဆန့်ကျင် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။