BBC navigation

ဆီးရီးယား ဒုက္ခသည်တွေ အဆမတန် တိုးလာ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 14:10 GMT
syria refugees

ဆီးရီးယားက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်များ

ကုလသမဂ္ဂရဲ့ ဒုက္ခ သည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ဆီးရီးယား ကနေ အိမ်နီးချင်း နိုင်ငံတွေထဲ ထွက်ပြေး လာကြတဲ့ ဒုက္ခသည် အရေ အတွက်ဟာ အဆမတန် တိုးလာခဲ့ တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဆီးရီးယား ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကနေ လွတ်မြောက်ဖို့ အတွက် နေ့စဉ် ဒုက္ခသည်ပေါင်း ၅၀၀၀ လောက် ထွက်ပြေး လာနေ ကြတယ်လို့ UNHCR ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က ဆီးရီးယား မှာ တိုက်ပွဲတွေ စခဲ့ ချိန်က စလို့ ဒုက္ခသည်ပေါင်း ၈ သိန်း နီးပါးလောက် ထွက်ပြေး ခဲ့ကြပြီး ဖြစ်တယ်လို့ UNHCR က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။