BBC navigation

EU ဘတ်ဂျတ် ဖြတ်တောက်ဖို့ သဘောတူပြီ

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 01:21 GMT

ဘတ်ဂျတ် ဖြတ်တောက်ဖို့ သဘောတူ လိုက်တဲ့ EU နိုင်ငံ ခေါင်းဆောင်တွေ

ဥရောပ သမဂ္ဂရဲ့ ရေရှည် အသုံးစရိတ် ဖြတ်တောက်ဖို့ သဘောတူလိုက်ပြီလို့ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါဟာ ဥရောပ သမဂ္ဂ ဖွဲ့ပြီးကတည်းက ပထမဆုံး အကြိမ် လုပ်ဆောင်မှု ဖြစ်ပါတယ်။

ဘရပ်ဆဲလ်စ်မြို့မှာ အလျင်အမြန် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် လာမယ့် ခုနှစ်နှစ် အတွင်း အသုံးစရိတ် ယူရို ဘီလီယံ ၉၆ဝ ထိ ကန့်သတ်ထားဖို့ သဘောတူခဲ့ကြတာ ဖြစ်ပြီး ဒါဟာ လက်ရှိထက် ဘတ်ဂျတ် သုံးရာနှုန်း ဖြတ်တောက် လိုက်တာ ဖြစ်ပါတယ်။

အခု သဘောတူညီချက်ကို ဥရောပ ပါလီမန်မှာ ပြဌာန်း အတည်ပြုရဦးမှာ ဖြစ်ပါတယ်။

ဒီဘတ်ဂျက် ဖြတ်တောက်မှုက သူတကယ် လျော့ချလိုတဲ့ အတိုင်းအတာထက် နည်းပေမယ့် ဒါဟာ အရေးတကြီး လုပ်ဖို့ လိုနေတဲ့ စီးပွားရေး တိုးတက်မှုကို ဖော်ဆောင် သွားစေလိမ့်မယ်လို့ ဥရောပ ကော်မရှင် အကြီးအကဲ ဟိုဆေ ဘာရိုဆိုက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။