BBC navigation

တူနီးရှား ဝန်ကြီးချုပ် နုတ်ထွက်မယ်လို့ ခြိမ်းခြောက်

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 23:24 GMT
tunisia pm

ရာထူးက နုတ်ထွက်မယ်လို့ ပြောတဲ့ တူနီးရှား ဝန်ကြီးချုပ် ဟာမစ်ဂျေဘလီ

တူနီးရှား နိုင်ငံမှာ လက်ရှိ ကက်ဘိနက်ကို ဖျက်သိမ်းပြီး နိုင်ငံရေးနဲ့ စက်မှုလုပ်ငန်း တွေမှာ အရှိန်အဝါ ရှိသူတွေနဲ့ အစိုးရသစ် ပြန်လည် ဖွဲ့စည်းမယ့် သူ့အဆိုကို လက်မခံရင် ရာထူးက နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ် ဟာမစ်ဂျေဘလီ က ပြောလိုက် ပါတယ်။

အတိုက်အခံ ခေါင်းဆောင် ရှိုကရီ ဘယ်လာအစ်ဒ် လုပ်ကြံ ခံခဲ့ရလို့ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေဖြစ်ခဲ့ ပြီး နောက်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က အဲဒီ အဆိုကို တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာရ အစ္စလာမ်မစ် ပါတီဖြစ်တဲ့ အန်နာ့ဒ်ဟာ ထဲက အဖွဲ့ဝင် တချို့ကတော့ အဲဒီအဆိုကို ဆန့်ကျင်ခဲ့ကြပါတယ်။

တခါ မြို့တော် တူးနစ်မှာလည်း ထောင်နဲ့ ချီရှိတဲ့ အစ္စလာမ်မစ် တွေက အန်နာ့ဒ်ဟာ ပါတီကို ထောက်ခံတဲ့ ဆန္ဒပြပွဲကို ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ မစ္စတာ ဘယ်လာအစ်ဒ်ရဲ့ ဈာပနကိုတော့ လူပေါင်း ထောင်ပေါင်းများစွာ တက်ရောက် ခဲ့ကြပြီး အဲဒီ လုပ်ကြံ ခံရမှုနဲ့ ပတ်သက်လို့ အန်နာ့ဒ်ဟာ ပါတီကို အပြစ်ဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။