BBC navigation

အမေရိကန် နှင်းမုန်တိုင်း ဆိုးဝါး

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 17:35 GMT

ခရီးသွားလာမှု အားလုံးကို တားမြစ် လိုက်ပြီး ပြည်နယ် ၅ ခုမှာ အရေးပေါ် အခြအနေ ကြေညာထား

အမေရိကန် ပြည်ထောင်စု အရှေ့မြောက် ဘက်ပိုင်း ဒေသ တွေမှာ နှင်း မုန်တိုင်းကြောင့် အခု ဆိုရင် နှင်းထုဟာ ၁ မီတာ နီးပါး အထိ ရှိလာ နေပြီ ဖြစ်တဲ့ အတွက် သယ်ယူ ပို့ဆောင်ရေး လမ်ကြောင်းတွေ ပြတ်တောက် ကုန်ပြီး၊ ရထားလမ်းတွေ ပိတ်ကာ လေယာဉ် ခရီးစဉ် တွေလည်း ဖျက်သိမ်း ခဲ့ရပါတယ်။

အရေးပေါ် မဟုတ်တဲ့ သာမန် ခရီးသွားလာမှု အားလုံးကို တားမြစ် လိုက်ပြီး ပြည်နယ် ၅ ခုမှာ အရေးပေါ် အခြအနေ ကြေညာထား ပါတယ်။

လူပေါင်း ၆ သိန်းကျော်ဟာ လျှပ်စစ်မီး မရ ဖြစ်နေကြပြီး၊ နျူကလီးယား ဓာတ်အားပေး စက်ရုံ တခုလည်း ပိတ်ထား လိုက်ရပါတယ်။

မက်ဆက်ချူးဆက်စ် ပြည်နယ် တချို့ ကမ်းရိုးတန်း ဒေသ မှာတော့ မုန်တိုင်းကြောင့် ရေတွေ တက်လာတဲ့ အတွက် အဲဒီ ဒေသက လူတွေကို ဘေကင်းရာ ပြောင်းရွှေ့ ပေးခဲ့ရ ပါတယ်။

စနေနေ့ တနေ့လုံး နှင်းတွေ အဆက် မပြတ် ကျရောက် မယ်လို့ မိုးလေဝသ ခန့်မှန်းချက် တွေက ပြောပါတယ်။ ဒါပေမယ့်လို့ လေတိုက်မှုတွေ ကတော့ လျော့နည်း သွားမယ်လို့ ဆိုပါတယ်။

လေယာဉ်ကွင်းတွေ ကိုတော့ စနေနေ့ နှောင်းပိုင်းမှာ ပြန်ဖွင့် လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။