BBC navigation

အမေရိကန်မှာ နှင်းမုန်တိုင်း ပြင်းထန်စွာတိုက်ခတ်

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 23:14 GMT
us_storm.

နှင်းဖုံးခဲ့တဲ့ အမေရိကန် အရှေ့မြောက်ပိုင်း တနေရာ

အမေရိကန် ပြည်ထောင်စု အရှေ့မြောက် ပိုင်းက ကမ္ဘာပေါ်မှာ အလုပ် အများဆုံး ဒေသကြီး တခုကို လုံးဝ ရပ်နား သွားရ လောက်အောင် နှင်းမုန်တိုင်းတွေ ပြင်းထန်စွာ တိုက်ခတ် ခဲ့ပါတယ်။

တချို့ဒေသ တွေမှာဆိုရင် ၁၈ နာရီ နီးပါးလောက်ကို နှင်းတွေ ကျနေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အဲဒီ မုန်တိုင်း ဆဲလို့ ရှင်းလင်းရေး တွေ စတင် လုပ်ဆောင် နေကြပြီလည်း ဖြစ်ပါတယ်။

ဒီနှင်းမုန်တိုင်းဟာ အမေရိကန် ပြည်ထောင်စု ထဲက ပြည်နယ် ၉ ခုနဲ့ ကနေဒါ နိုင်ငံထဲက ဒေသတချို့တို့မှာ တိုက်ခတ် သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မုန်တိုင်းကြောင့် လမ်းတချို့ကိုလည်း ပိတ်ခဲ့ရသလို လေကြောင်း ခရီးစဉ် ပေါင်း ထောင်နဲ့ ချီပြီး ဖျက်သိမ်း ပစ်ခဲ့ရပါတယ်။

မက်ဆာချူးဆက် ပြည်နယ် မှာဆိုရင် မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု တွေဖြစ်လာနိုင်လို့ ကမ်းရိုးတန်း မှာ နေထိုင်ကြသူ တွေကိုလည်း ရွေ့ပြောင်း ပေးခဲ့ရပါတယ်။

မုန်တိုင်းဘေးက လွတ်ခဲ့တဲ့ နယူးယောက် မြို့ရဲ့ မြို့တော်ဝန်ကတော့ သူတို့တွေ ကျည်ဆံကို ရှောင်လိုက်နိုင်သလိုပဲလို့ တင်စားပြောသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။