BBC navigation

အာဖဂန်မှာ နေတိုး တပ်မှူးသစ် ခန့်အပ်

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 14:47 GMT

ဗိုလ်ချုပ်ကြီး ဒန်ဖို့ဒ်က အာဖဂန် တပ်ဖွဲ့တွေရဲ့ စွမ်းရည် မြင့်မား လာတယ် ဆိုတာကို ယုံကြည် ကြောင်း ပြောကြား

အာဖဂန်နစ္စတန်က နေတိုးတပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဂျွန် အလန်ရဲ့ နေရာကို အမေရိကန် မရိန်းတပ်က ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်ဖို့ဒ် ကနေ အခမ်း အနားနဲ့ တာဝန်လွှဲပြောင်း လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

အာဖဂန် မြို့တော် ကာဘူး အပြင်ဖက်က မဟာမိတ် စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ ဒီအခမ်း အနားမှာ ဗိုလ်ချုပ်ကြီး ဒန်ဖို့ဒ်က အာဖဂန် တပ်ဖွဲ့တွေရဲ့ စွမ်းရည် မြင့်မား လာတယ် ဆိုတာကို သူယုံကြည်ကြောင်း ပြောကြား သွားပါတယ်။

ဗိုလ်ချုပ်ကြီး ဒန်ဖိုဒ့်ဟာ အာဖဂန် ကနေ နိုင်ငံခြား တပ်ဖွဲ့တွေ ပြန်လည် ရုပ်သိမ်းတာကို တာဝန်ယူ ကြီးကြပ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အမေရိကန် တပ်ဖွဲ့ အများစု ပါဝင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေဟာ အရှည်ကြာဆုံး စစ်ပွဲ ဖြစ်တဲ့ အာဖန် စစ်ပွဲကို အဆုံးသတ်ပြီး ၂၀၁၄ ခုနှစ် အကုန်မှာ တပ်ဖွဲ့ကို ပြန်လည် ရုပ်သိမ်းတော့မှာပါ။

ဗိုလ်ချုပ်ကြီး အလန်က သူ့တာဝန်ကို မလွှဲပြောင်းခင် ဘီဘီစီကို ပြောကြားရာမှာ၊ မဟာမိတ် တပ်ဖွဲ့တွေဟာ တာလီဘန် တွေရဲ့ ပုန်ကုန်မှု တွေကို တိုက်ခိုက် နေတဲ့ စစ်ပွဲမှာ အနိုင် ရရှိ နေတယ်လို့ ပြောကြားပါတယ်။

အာဖဂန် စစ်တပ် ကနေ အခုဆိုရင် အဓိက စစ်ဆင်ရေး တွေကို ဦးဆောင် ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ဗိုလ်ချုပ်ကြီး အလန်က နေတိုး တပ်ဖွဲ့တွေ အနေနဲ့ အာဖဂန် တပ်ဖွဲ့ တွေကို ကူညီဖို့ အဆင်သင့် ဆက်ရှိ နေရဦးမှာ ဖြစ်တဲ့ အတွက် စိတ်ရှည် ကြဖို့ကို ပြောကြားသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။