BBC navigation

BAFTA ရုပ်ရှင်ဆုပေးပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 01:00 GMT
Emmanuelle Riva

ပြင်သစ် မင်းသမီးကြီး Emmanuelle Riva အမျိုးသမီး သရုပ်ဆောင်ဆု ရ

လန်ဒန်မြို့ တော်ဝင် အော်ပရာ ဇာတ်ရုံမှာ ကျင်းပတဲ့ ၆၆ ကြိမ်မြောက် ဗြိတိသျှ ရုပ်ရှင်နဲ့ ရုပ်သံ ဆုပေးပွဲမှာ ကမ္ဘာ့ ရုပ်ရှင်လောက နာမည်ကျော်တွေ လာရောက် စုဝေး နေကြပါတယ်။

အီရန်က ပြန်ပေးဆွဲမှု အကြောင်း ရိုက်ကူးတဲ့ အာဂို ဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆု ဆွတ်ခူး သွားပြီး ရိုက်ကူးသူ Ben Affleck လဲ အကောင်းဆုံး ဒါရိုက်တာဆု ရခဲ့ပါတယ်။

စတီဗင် စပီးလ်ဘတ် ရိုက်ကူးတဲ့ လင်ကွန်း ဇာတ်ကားက ဒင်နီယယ် ဒေးလူးဝစ်က အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ဆွတ်ခူး သွားပါတယ်။

Amour ဇာတ်ကား အတွက် အသက် ၈၅ နှစ် ရှိတဲ့ ပြင်သစ် မင်းသမီးကြီး Emmanuelle Riva က အမျိုးသမီး သရုပ်ဆောင်ဆု ရရှိ ခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို Les Miserables ဇာတ်ကားက Anne Hathaway ဆွတ်ခူး ခဲ့ပါတယ်။

BAFTA ဆုပေးပွဲဟာ ဒီလ ကုန်မှာ လော့စ်ဆန်းဂျလိ မြို့မှာ ကျင်းပမယ့် အော်စကာ ဆုပေးပွဲ မတိုင်ခင်မှာ အကြီးကျယ်ဆုံး ကျင်းပတဲ့ ရုပ်ရှင် ဆု အခမ်းအနား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။