BBC navigation

အိန္ဒိယက ဟိန္ဒူ ရေချိုးပွဲတော် လူသန်းနဲ့ချီ ဆင်နွှဲ

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 12:05 GMT

အခုလို ရေချိုးခြင်း အားဖြင့် အကုသိုလ်တွေ ကင်းသွားပြီး၊ ဘုရားရှင်ရဲ့ ကယ်တယ်ခြင်းကို ခံရမယ်လို့ ယုံကြည်ကြ

အိန္ဒိယ နိုင်ငံမှာ သန်းပေါင်း များစွာသော ဟိန္ဒူ ဘရားဖူး တွေဟာ ဂင်္ဂါ နဲ့ ယမုန်နာ မြစ်တို့ ဆုံဆည်းရာ မြစ်ဆုံ နေရာမှာ ရိုးရာ ဓလေ့ အတိုင်း ပြုလုပ်တဲ့ ရေချိုး ပွဲတော်မှာ ပါဝင် ဆင်နွှဲ နေကြ ပါတယ်။

ကုမ် မလာ (Kumbh Mela)လို့ ခေါ်ဆိုတဲ့ ဒီပွဲတော်ကို သုံးနှစ် တခါ ကျင်းပ ကြတာ ဖြစ်ပြီး၊ ဟိန္ဒူတွေဟာ သူတို့ အတွက် နမိတ် ကောင်းတဲ့ ပွဲတော်လို့ ယူဆကြ ပါတယ်။

အခုလို ရေချိုး သန့်စင် လိုက်ခြင်း အားဖြင့် မကောင်းမှု အကုသိုလ်တွေ ကင်းစင် သွားပြီး၊ ဘုရားရှင်ရဲ့ ကယ်တယ်ခြင်းကို ခံရမယ်လို့ ဟိန္ဒူ ဘာသာဝင်တွေက ယုံကြည်ကြ ပါတယ်။

အဲဒီ ပွဲတော်မှာ ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ပြောတာကတော့ ကမ်းပါးမှာ လူတွေဟာ ဘယ်လောက်တောင် များသလဲ ဆိုရင် မြစ်ကမ်းခြေ ကနေ ကုန်းပေါ် ၃ ကီလိုမီတာ လောက်အထိ လူပင်လယ်ကြီးလို တွေ့ မြင်နေရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။