BBC navigation

Gao မြို့မှာ သူပုန်တွေနဲ့ တိုက်ပွဲဖြစ်

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 21:29 GMT
mali gao

MUJAO စစ်သွေးကြွ အုပ်စု လက်ချက်လို့ ပြော

မာလီ မြောက်ပိုင်းက အဓိက မြို့ကြီး ဖြစ်တဲ့ Gao မြို့လယ်မှာ အစ္စလာမ် ဝါဒီ သူပုန်တွေကို ပြင်သစ် နဲ့ မာလီ တပ်တွေက ဆက်လက် တိုက်ခိုက် နေကြပါတယ်။

မာလီ စစ်တပ်တွေနဲ့ အစ္စလာမ် ဝါဒီ သူပုန်တွေ ဟာ မြို့လယ် ရဲစခန်း အနီးမှာ စတင် ပစ်ခတ်ရာ ကနေ၊ တိုက်ခိုက် မှုတွေ ဟာ တစနဲ့ တစ မြို့တွင်း အထိ ပျံ့နှံ့ သွားပြီ ဖြစ်ပါတယ်။

သောကြာနေ့ ကလည်း ဆိုင်ကယ် စီးလာတဲ့ အမျိုးသား တဦးဟာ မြို့ အဝင် စစ်ဆေးရေး ဂိတ်ကို အတင်း ကျော်ဖြတ်လို့ လုပ်ရာမှာ မာလီ စစ်တပ်က ပစ်လိုက်တဲ့ အတွက် သူ့ကိုယ်မှာ တပ်လာတဲ့ ဗုံး ပေါက်ကွဲ သွားခဲ့ပါတယ်။

ဒီ Gao မြို့ကို ပြင်သစ်နဲ့ မာလီ တပ်တွေ ကနေ အရင်လက ပြန်သိမ်း ခဲ့တာ ဖြစ်ပြီး၊ အဲဒီနောက်ပိုင်း မြို့ထဲက လမ်းတွေ ပေါ်မှာ လက်နက်ကိုင် သူပုန် တွေကို ပထမဆုံး ပြန်မြင် ရတာ ဖြစ်ကြောင်း Gao က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

MUJAO အစ္စလာမ် စစ်သွေးကြွ အုပ်စုက အခု တိုက်ပွဲဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ မာလီမှာ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ ဆက်လက် ဖြစ်ပွား နေတဲ့ အတွက် အထူး သဖြင့် အမျိုး သမီးနဲ့ ကလေးတွေ၊ မိန်းကလေး ငယ်တွေ အပေါ် နှိပ်စက် ကျူးလွန် မှုတွေ ပြုလုပ် နေသူတွေကို ထိုက်သင့်တဲ့ အပြစ်ဒဏ် ပေးမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

အခုဆိုရင် Gao မြို့ခံတွေဟာ သူတို့ အိမ်တွေကို လုံခြုံအောင် အထပ်ထပ် ကာရံပြီး၊ စိုးရိမ် တကြီး ဖြစ်နေကြ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။