BBC navigation

၂၀၁၃ ဂရမ်မီ ဆုပေးပွဲ

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 16:53 GMT

ဘယ်လ်ဂျီယံ နွယ်ဖွား သြစတြေးလျ နိုင်ငံသား Gotye က ဂရမ်မီ သုံးခု ဆွတ်ခူးသွားပါတယ်

အမေရိကန် ပြည်ထောင်စု လော့အိန်ဂျလိစ် မြို့မှာ ကျင်းပတဲ့ ခမ်းနား ထည်ဝါ လှတဲ့ ဂရမ်မီ ဆုပေးပွဲ ကနေ နိုင်ငံ တကာ အဆင့် အမြင့်ဆုံး ဂီတ ထူးချွန်ဆု ဖြစ်တဲ့ ဂရမ်မီဆု တွေကို ကြေညာ သွားခဲ့ပြီ ဖြစ်ပါတယ်။

ထိပ်ဆုံး လေးဆု ထဲက တခု ဖြစ်တဲ့ အကောင်းဆုံး သီချင်း အဲလ်ဘန် ဆုကို ဗြိတိသျှ folk rock အဖွဲ့ ဖြစ်တဲ့ Mumford and Sons အဖွဲ့က Babel တေးအဲလ်ဘန်နဲ့ မထင်မှတ်ဘဲ ရရှိသွား ပါတယ်။

အကောင်းဆုံး သီချင်းဆုနဲ့ အကောင်းဆုံး ဂီတ အဖွဲ့သစ်ဆု ကိုတော့ အမေရိကန် ပေါ့ ဂီတ အဖွဲ့သစ် Fun အဖွဲ့ ကနေ We are Young ဆိုတဲ့ သီချင်းနဲ့ ရရှိသွားပါတယ်။

ဘယ်လ်ဂျီယံ နွယ်ဖွား သြစတြေးလျ နိုင်ငံသား အဆိုတော် သီချင်းရေး ဆရာ Gotye ကတော့ Somebody That I Used to Know သီချင်းနဲ့ အကောင်းဆုံး အနုပညာ ဖန်တီးနိုင်မှုဆု အပါ အဝင် ဂရမ်မီ သုံးခု ဆွတ်ခူး ရရှိသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။