BBC navigation

မြင်းသားကိစ္စ ရိုမေးနီးယား ငြင်းဆို

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 17:37 GMT

ဗြိတိန်၊ ပြင်သစ်နဲ့ ဆွီဒင် နိုင်ငံ တို့မှာ ရောင်းချ နေတဲ့ အမဲသားပါ အစား အသောက်တွေ ကို ပြန်သိမ်းခဲ့

ဥရောပ တလွှား အမဲသားနဲ့ လုပ်ထားတဲ့ အစား အသောက် တွေမှာ မြင်းသားတွေ ထည့်ထား တယ်ဆိုတဲ့ ပြဿနာတွေ တိုးပွား လာနေတာနဲ့ ပတ်သက်ပြီး ရိုမေးနီးယား အစိုးရက သူ့နိုင်ငံက အစားအသောက် ထုတ်လုပ်တဲ့ စက်ရုံတွေ ဘက်ကနေ အပြင်း အထန် ကာကွယ် ပြောကြား လိုက်ပါတယ်။

ရိုမေးနီးယား ဝန်ကြီးချုပ် ဗစ်တိုးရီးယား ပွန်တာက သူ့နိုင်ငံက သားသတ်ရုံတွေ ကနေ မြင်းသားတွေကို အမဲသား ဆိုပြီး တံဆိပ် ပြောင်းတပ်ကာ နိုင်ငံခြားကို တင်ပို့ တယ်ဆိုတဲ့ အထောက် အထား ဘာမှ မတွေ့ရ ကြောင်း ပြောကြား ပါတယ်။

သူ့နိုင်ငံကို အခုလို စွပ်စွဲ ကြတဲ့ အပေါ် ဒေါသ ဖြစ်ရကြောင်း ကိုလည်း မစ္စတာ ပွန်တာက ပြောပါတယ်။

အခုအချိန်မှာတော့ ပြင်သစ် အစိုးရဟာ အစားအသောက် ထုတ်လုပ်မှု အပိုင်းကို ပြန်လည် သုံးသပ်ရေး အတွက် စားသောက်ကုန် ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ အရေး တကြီး ဆွေးနွေး မှုတွေ ပြုလုပ်နေ ပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာအော်လန်း ကတော့ မြင်းသားတွေကို အမဲသား ဆိုပြီး လိမ်ရောင်းတဲ့ သူတွေကို အပြစ် ပေးရမယ်လို့ ပြောကြား လိုက်ပါတယ်။

ဒီအစား အသောက်တွေမှာ မြင်းသားကို ဘယ်အဆင့် အထိ ထည့်ထားတယ် ဆိုတာ ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ဒါပေမယ်လို့ အခုလို မြင်းသား တွေ ပါတယ် ဆိုတဲ့ အတွက် ဗြိတိန်၊ ပြင်သစ်နဲ့ ဆွီဒင် နိုင်ငံ တို့မှာ ရောင်းချ နေတဲ့ အမဲသားပါ အစား အသောက်တွေ ကို ပြန်သိမ်းတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။