BBC navigation

ပုပ်ရဟန်းမင်းကြီး ရာထူးကထွက်မယ်

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 16:12 GMT

အခုလို ဆုံးဖြတ်ချက်ကို သူ့ ဘာသာ လွတ်လွတ် လပ်လပ် ချခဲ့တာလို့ ပုပ်ရဟန်းမင်းကြီး ပြော

ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ရောမ ကက်သလစ် ကျောင်းတော်ရဲ့ အကြီး အကဲ အဖြစ်ကနေ ဒီလကုန် နုတ်ထွက်တော့မှာ ဖြစ်ကြောင်း ကြေညာသွား ပါတယ်။

အသက် အရွယ် ရလာပြီ ဖြစ်တဲ့ အလျောက် ပုပ်ရဟန်းမင်း တာဝန်ကို အပြည့် အဝ ထမ်းဆောင်ဖို့ စိတ်ဓာတ် ခွန်အားတွေ မရှိတော့ တဲ့အတွက် အခုလို ဆုံးဖြတ် ခဲ့တာ လို့ သက်တော် ၈၅ နှစ် ရှိနေပြီ ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ပုပ်ရဟန်း မင်းကြီးရဲ့ ကျန်းမာရေး ဆုတ်ယုတ် လာတာကို အနီးနေ သာဝကတွေက သိကြပေမယ့်လဲ အခုလို ကြေညာ ချက်ကြောင့် သူ့ရဲ့ အနီးကပ် အကြံပေး ဘုန်းတော်ကြီးတွေပါ မယုံကြည် လောက်အောင် အံ့သြ သွားခဲ့ ရတယ်လို့ ဗာတီကန် က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကက်သလစ် ဂိုဏ်းချုပ်များ ကောင်စီက ရဟန်းမင်းကြီး အသစ် မရွေးချယ်ခင် အချိန် အထိ ပုပ်ရဟန်းမင်း ရာထူး နေရာ လစ်လပ် နေမှာ ဖြစ်ပါတယ်။

မတ်လ ကုန်မှာ ကျင်းပမယ့် အီစတာ ပွဲတော် မတိုင်ခင် ပုပ်ရဟန်းမင်းသစ် တင်မြှောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဗာတီကန် ကျောင်းတော်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။