BBC navigation

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 15:50 GMT
Pope

အသက်ကြီးလို့ အနားယူတော့မယ့် ပုပ်ရဟန်းမင်းကြီး

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ကို ၁၉၂၇ ခုနှစ်က ဂျာမနီက ဘာဘေးရီးယားမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ငယ်နာမည်က ဂျိုးဆက်ဖ် ရက်ဇင်ဂါ ဖြစ်ပါတယ်။

သူ အသက် ၅ နှစ်သားအရွယ်မှာ မြူးနစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ရဲ့ အနီရောင် ဝတ်ရုံကြီးကို မြင်ပြီး အားကျနှစ်သက် ခဲ့ရာက သူ့အတွက် ဗာတီကန် ခရီးစခဲ့တာဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်မှာတော့ သူကိုယ်တိုင် မြူးနစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်လာခဲ့ ပါတယ်။

သူဟာ တက္ကသိုလ် တွေမှာလည်း ဆရာလုပ်ခဲ့ရုံ သာမက နေရင်း ဘာဗေးရီးယားက Regensburg တက္ကသိုလ်ရဲ့ အဓိပတိ အဖြစ်ပါ တာဝန်ယူခဲ့ ဖူးသူ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း အမေရိကန်က ဗာတီကန် အရေး ကျွမ်းကျင်သူ ဂျွန် အယ်လန်က သူဟာ ပုပ်ရဟန်းမင်းကြီးသာ ဖြစ်မလာလို့ကတော့ တက္ကသိုလ်က ပါမောက္ခကြီး ဖြစ်မယ့်သူလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က သူ့ရှေ့က ပုပ်ရဟန်းမင်းကြီး တာဝန် ထမ်းဆောင်သွားတဲ့ ဒုတိယမြောက် ဂျွန်ပေါလ် ကွယ်လွန် သွားခဲ့တဲ့ နောက်မှာ ၁၆ ယောက်မြောက် ပုပ်ရဟန်း မင်းကြီး အဖြစ် ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ တုန်းက သူ့အသက်က ၇၈ နှစ် ရှိနေပြီ ဖြစ်လို့ သမိုင်းမှာ ပုပ်ရဟန်း မင်းကြီး အဖြစ် တင်မြောက် ခံရသူတွေ ထဲမှာ အသက်အကြီးဆုံး တွေထဲက တဦးဖြစ်နေပြီး သားပါ။

အခုတော့ သူဟာ အသက် ၈၅ နှစ် ရှိနေပြီး အသက်ကြီးလို့ အနားယူမယ်လို့ ပြောလိုက် ပါတယ်။

တကယ်တော့ သူ ပုပ်ရဟန်းမင်းကြီး အဖြစ် စတင် တင်မြှောက် ခံခဲ့ရတဲ့ အချိန်က ကက်သလိပ် အသင်းတော်မှာ ဘုန်းတော်ကြီး တချို့ရဲ့ ကလေးတွေကို လိင်ပိုင်း မတော်မတရား လုပ်ခဲ့တဲ့ ပြဿနာ တွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

သူဟာ အဲဒီလိင်ဆိုင်ရာ မတော်မတရား ပြုကျင့် ခံခဲ့ရသူ တွေကို တောင်းပန် စကား ဆိုခဲ့တဲ့ အပြင် ဂိုဏ်းထဲက ဘုန်းတော်ကြီး တွေကိုလည်း နောင်မှာ ဒီလို ပြဿနာ မျိုးတွေနဲ့ ပတ်သက်လာရင် ဖော်ထုတ် တင်ပြ ရမယ်လို့ အမိန့်တွေ ထုတ်ခဲ့ပါတယ်။ အဲဒီလို ပြဿနာ ပေါင်းစုံကို ကိုင်တွယ် ဖြေရှင်း ခဲ့ရင်း အခုတော့ သူဟာ အနားယူဖို့ အတွက် ဆုံးဖြတ် လိုက်ပါပြီ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။