BBC navigation

ပုပ်ရဟန်းမင်းသစ် ဘယ်သူဖြစ်မလဲ

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 01:04 GMT
Odilo Scherer

တစ်ပေးခံနေရတဲ့ ဆေပေါ်လို ဂိုဏ်းချုပ်

နောက်ဆက်ခံမယ့် ပုပ်ရဟန်းမင်းသစ် ဟာ ကက်သလစ် ဘာသာဝင် ၄ဝ ရာခိုင်နှုန်း ကျော်ရှိတဲ့ လက်တင် အမေရိက,က ဖြစ်ဖို့ များတယ်လို့ ခန့်မှန်း ပြောဆို နေကြပါတယ်။

တစ်ပေးခံနေရတဲ့ ရဟန်းမင်းလောင်း တွေထဲမှာ ဆေပေါ်လိုမြို့ ဂိုဏ်းချုပ် Odilo Scherer နဲ့ အာဂျင်တီးနား နိုင်ငံသား Leonardo Sandri လဲ ပါပါတယ်။

ရဟန်းမင်းကို အာဖရိက တိုက်သားထဲက ရွေးမယ်ဆိုရင်တော့ ဂါနာက ကာဒီနယ် Peter Turkson နဲ့ နိုင်ဂျီးရီးယား ကာဒီနယ် Francis Arinze တို့ ရှေ့က ရောက်နေကြ ပါတယ်။

ဥရောပ တိုက်က အလားအလာရှိတဲ့ ဆရာတော်တွေထဲမှာ မီလန်မြို့ ဂိုဏ်းချုပ်ကြီး Angelo Scola ၊ ဘင်နီဒစ် ရဟန်းမင်းကြီးရဲ့ တပည့် ကျောင်းသားဟောင်း သြစတြီးယား နိုင်ငံက Christoph Schoenborn တို့ ရှိနေပါတယ်။

ကနေဒါက ကာဒီနယ် Marc Ouellet လဲရှိပေမယ့် အလားအလာ နည်းတယ်လို့ ဘီဘီစီ သတင်းထောက်တွေက ခန့်မှန်း နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။