BBC navigation

မြောက်ကိုရီးယား ကုလအရေးယူမယ်

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 23:05 GMT
ban

ဘန်ကီမွန် တောင်နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့

မြောက်ကိုရီးယားရဲ့ တတိယမြောက် အဏုမြူ ဖောက်ခွဲ စမ်းသပ်မှု ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် အန္တရာယ်ရှိကြောင်း သိသာထင်ရှား လှတာမို့ အရေးယူ ဆောင်ရွက်ဖို့ လုံခြုံရေး ကောင်စီ က ကတိပြုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အဏုမြူ ရည်မှန်းချက်တွေ ရပ်တန့်စေဖို့ အလျင်အမြန် ဆောင်ရွက်တော့မှာ ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေး အပြီးမှာ ကုလသမဂ္ဂက ပြောကြား ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ ဒီလို ဖောက်ခွဲ စမ်းသပ်မှုတွေ လုပ်တာဟာ လုံခြုံမှု ရမယ့်အစား ခြိမ်းခြောက် ခံရတာနဲ့ပဲ ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သတိပေး ပြောဆို လိုက်ပါတယ်။

အမေရိကန် သံအမတ်ကြီး ဆူဆန် ရိုက်စ်က မြောက်ကိုရီးယားရဲ့ ဆက်တိုက် သွေးတိုးစမ်း နေမှုကို လုံခြုံရေး ကောင်စီ အနေနဲ့ အမြန်ဆုံး ထိထိရောက်ရောက် တုံ့ပြန်ဖို့ လိုနေပြီး အဏုမြူနဲ့ ဒုံးကျည် လက်နက် စီမံကိန်းတွေ အမြန်ဆုံး ရပ်တန့်အောင် ဆုံးဖြတ် အရေးယူ သွားဖို့ ပြောကြား ခဲ့ပါတယ်။

ဒီအဏုမြူ စမ်းသပ်မှုကို အလွန်အကျွံ ရန်စ စော်ကားမှု အဖြစ် အမေရိကန် အစိုးရက ကြေညာလိုက်ပြီး မြောက်ကိုရီးယားရဲ့ တခုထဲသော အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံ ကလဲ အလွန် မနှစ်မြို့စရာ ကောင်းတဲ့ ကိစ္စအဖြစ် မှတ်ချက်ချ ပါတယ်။

မြောက်ကိုရီးယားက အဏုမြူ လက်နက် စီမံကိန်းကို မဟာဗျူဟာ တခုလို ကိုင်စွဲထားတာမို့ အလျှော့ပေးမယ့်ပုံ မပေါ်ဘဲ ဘေးဖယ်ထားမှု ၊ ဖိအားပေးမှု တွေနဲ့ ဘာမှ ထူးခြားအောင် လုပ်လို့ ရမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂက ဘီဘီစီ သတင်းထောက် က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။