BBC navigation

အိုဘားမား တိုင်းပြည်ကို မိန့်ခွန်းပေးမယ်

နောက်ဆုံး ရေးသားချိန် 13 ဖေဖေါ်ဝါရီလ 2013 - 01:11 GMT
obama

လက်နက်ကိုင်ဆောင်မှု ဥပဒေ ကြပ်မတ်မယ်

လာမယ့် နာရီပိုင်း အတွင်းမှာပဲ အမေရိကန် သမ္မတ အိုဘားမားက အာဖဂန် နစ္စတန်မှာ ထမ်းဆောင်နေတဲ့ အမေရိကန်တပ် တဝက်လောက်ကို တနှစ်အတွင်း ပြန်လည်ရုပ်သိမ်းတော့မှာ ဖြစ်ကြောင်း ကြေညာဖို့ ရှိပါတယ်။

နောက်နှစ်ကုန်မှာ အမေရိကန် တပ်တွေ အားလုံးနီးပါးကို ပြန်လည် မဆင့်ခေါ်ခင်မှာ အမေရိကန် တပ်သား ၃ သောင်း ၄ ထောင် ကို အရင်ကြိုတင် ခေါ်ယူတာ ဖြစ်ပါတယ်။

နိုဝင်ဘာလမှာ မစ္စတာ အိုဘားမား သမ္မတ အဖြစ် ပြန်လည် ရွေးကောက်ခံရပြီး နောက်ပိုင်း ပထမဆုံး အကြိမ် တိုင်းပြည်ကို ပေးတဲ့ မိန့်ခွန်းမှာ ဒီတပ်တွေ ရုပ်သိမ်းဖို့ ကိစ္စ ထည့်သွင်း ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီမိန့်ခွန်းမှာ သမ္မတ အိုဘားမားက အလုပ်အကိုင် ဖန်တီးရေး၊ အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ၊ သန့်ရှင်းတဲ့ စွမ်းအင်နဲ့ ပညာရေး ကိစ္စတွေကို အာရုံစိုက် ပြောကြား သွားဖို့ ရှိပါတယ်။

လူဝင်မှု ကြီးကြပ်ရေးမှာ ပြုပြင်စရာတွေနဲ့ လက်နက်ကိုင်ဆောင်မှု ဥပဒေတွေကိုလဲ ကြပ်မတ် အရေးယူ ဆောင်ရွက်ဖို့ မစ္စတာ အိုဘားမား တိုက်တွန်း ပြောကြား လိမ့်မယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။