BBC navigation

ပုပ်ရဟန်းမင်းသစ် ရွေးချယ်မှု ဘန်နဒစ် ဝင်မစွက်

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 17:19 GMT

ပုပ်ရဟန်းမင်းကြီးဟာ ယေဘုယျ အားဖြစ် ကျန်းမားရေး ကောင်းတယ်လို့ ဘုန်းတော်ကြီး ဖက်ဒရီကို လွန်ဘာဒီ ကပြော

ပုပ်ရဟန်း မင်းကြီး ဘန်နဒစ်ဟာ ကက်သလစ် အသင်းတော်ကြီးရဲ့ သာသနာပိုင် အဖြစ် ကနေ အနားယူ ပြီးနောက် သူ့နေ ရာကို ဆက်ခံ မယ့်သူ ရွေးချယ်တဲ့ အခါ ဘယ်လို အခန်း ကဏ္ဍ ကမှ ပါဝင် ပတ်သက်မှာ မဟုတ်ဘူးလို့ ဗာတီကန်က ပြောကြား လိုက်ပါတယ်။

နောက်ပြီး ကက်သလစ် အသင်းတော်ကြီးနဲ့ ပတ်သက်တဲ့ အရေး ကိစ္စတွေ မှာလည်း ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပုပ်ရဟန်း မင်းကြီး အဖြစ် ကနေ ဘန်နဒစ် အနားယူမယ့် ကိစ္စဟာ လည်း ရောဂါ တခုခု ဖြစ်လို့ နုတ်ထွက် တာမျိုး မဟုတ်ဘူး ဆိုပြီး ဗာတီကန်က အတည်ပြု ပြောကြားပါတယ်။

ပုပ်ရဟန်း မင်းကြီးဟာ တခါ တရံမှာ နှလုံးခုန်စက် တပ်ထား ရသူ ဖြစ်ပြီး၊ ယေဘုယျ အားဖြစ်တော့ သူ့ ကျန်းမားရေးဟာ ကောင်းတယ်လို့ ဗာတီကန် ပြောခွင့်ရ ဘုန်းတော်ကြီး ဖက်ဒရီကို လွန်ဘာဒီ က ပြောပါတယ်။

ရာထူးက မထွက်ခင် ၁ ရက်အလို အခုလ ၂၇ ရက်နေ့ မှာတော့ ပုပ်ရဟန်း မင်းကြီးဟာ စိန့်ပီတာ ရင်ပြင်မှာ လူထုကို နောက်ဆုံး အနေနဲ့ တရား ဟောကြားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။