BBC navigation

အမေရိကန်နဲ့ ဥရောပကြား ကုန်သွယ်ရေး ဆွေးနွေးပွဲ စတော့မယ်

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 00:50 GMT

သမ္မတ အိုဘားမား (အလယ်လူ)နဲ့ ဥရောပ ကော်မရှင်နာ ဟိုဆေ ဘာရိုဆို (ယာစွန်)

အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ တို့ဟာ အရင်က မရှိခဲ့ဘူးတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး နှစ်ဖက် ကုန်သွယ် သဘောတူညီချက် ရအောင် ၊ လာမယ့် ဇွန်လကုန်မှာ ညှိနှိုင်း ဆွေးနွေးမှုတွေ စတင်ဖို့ ပြင်နေပါတယ်။

ရည်ရွယ်ချက် ကတော့ အခွန် အတုပ်နဲ့ စည်းမျဉ်းတွေ ဖြတ်တောက် လျော့ချဖို့ နည်းလမ်း ရှာမှာ ဖြစ်ပြီး ဒါဟာ ကမ္ဘာ့ ကုန်သွယ်ရေးမှာ လိုက်နာတဲ့ စံနစ်တခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

"game-changer" လို့ ဆိုတဲ့ ပြောင်းလဲ လုပ်ဆောင်မှု တွေက နှစ်စဉ် ကုန်သွယ်မှု ဘီလီယံ ဆယ်ဂဏန်းနဲ့ ချီ တိုးလာစေမှာ ဖြစ်ပြီး အတ္တလန်တစ် သမုဒ္ဒရာ ဟိုဖက် ဒီဖက်ဆီမှာ သိန်းသောင်းချီပြီး အလုပ်အကိုင်သစ်တွေ ဖန်တီး ပေးနိုင်လိမ့်မယ်လို့ ဥရောပ ကော်မရှင် ဥက္ကဌ Jose Manuel Barroso က ပြောပါတယ်။

စိုက်ပျိုးရေး ကဏ္ဍဟာ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့ကြား ကုန်သွယ်ရေး သဘောတူညီမှု ရဖို့ အဖုအထစ် အခက်အခဲ ဖြစ်စေတဲ့ အကြောင်း တချက် ဖြစ်တယ်လို့ ဘီဘီစီရဲ့ စီးပွားရေး ဆိုင်ရာ သတင်း အယ်ဒီတာက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။