BBC navigation

ထိုင်းစစ်တပ်က မူဆလင်သူပုန်တွေကို သတ်ဖြတ်

နောက်ဆုံး ရေးသားချိန် 13 ဖေဖေါ်ဝါရီလ 2013 - 15:33 GMT

တိုက်ခိုက်မှုအပြီး သက်သေခံတွေကို ကြည့်ရှုနေကြတာပါ။

ထိုင်းနိုင်ငံတောင်ပိုင်းက မူဆလင်သူပုန်တွေက အစိုးရစစ်စခန်းတခုကို ဒီမနက်အစောပိုင်းအချိန်မှာ စီးနင်းတိုက်ခိုက်ကြပြီးတဲ့နောက် လက်နက်ကိုင်သူပုန် ၁၆ ယောက် သေဆုံးသွားတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ဆယ်စုနှစ်နီးပါးကြာလာပြီဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက နိုင်ငံရေးမငြိမ်သက်မှုတွေထဲ အခုကိစ္စက လူအသေအပေျာက်လည်း အများဆုံးဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

မူဆလင် လက်နက်ကိုင်သူပုန်တွေ ဝင်တိုက်ခဲ့တဲ့ အစိုးရစစ်စခန်းက ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်နဲ့ အနီးဆုံး ကပ်ရက်ရှိတဲ့ နရတ်သီဝပ် ပြည်နယ်အတွင်းမှာရှိတဲ့ စစ်စခန်းတခု ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့အဆိုအရ အင်အား ၆၀ လောက်ရှိမယ့် ယူနီဖောင်းဝတ် လက်နက်ကိုင်သူပုန်တွေဟာ ဒီစစ်စခန်းကို ဒီမနက်အရုဏ်မတက်ခင်မှာ တက်သိမ်းဖို့ အကြံနဲ့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလအတွင်း စခန်းကို သူပုန်တွေ ခဏခဏ လာတိုက်နေလို့ သူတို့ စစ်သားအားလုံးကို အမြဲတပ်လှန့်ထားတယ်လို့လည်း စစ်တပ်ဘက်က ပြောပါတယ်။ တိုက်ခိုက်မှု မဖြစ်ခင်ကတည်းက ဒေသခံတွေရဲ့ သတင်းပေးချက်အရ သူပုန်တွေ လာတိုက်မယ်ဆိုတာ ကြိုသိထားပါတယ်လို့ လည်း ဆိုပါတယ်။

မူဆလင်သူပုန်တွေက ထိုင်းနိုင်ငံတောင်ပိုင်း အစွန်ဆုံး ပြည်နယ်သုံးခုလောက်မှာ လှုပ်ရှားနေကြတာ ၂၀၀၄ ခုနှစ်လောက် ကတည်းကပါ။ ထိုင်းအစိုးရဘက်ကတော့ ဒီသူပုန်တွေက ခွဲထွက်ရေးအတွက် ကြံစည်တိုက်ခိုက် နေတာလို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။