BBC navigation

ဘာရိန်း ၂ နှစ်ပြည့် ဆန္ဒပြသူ တဦးသေဆုံး

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 14:14 GMT
bahrain

ဘာရိန်းက ဆန္ဒပြနေသူများ

ဘာရိန်း နိုင်ငံ အတွင်းက မအောင်မြင် ဖြစ်ခဲ့တဲ့ လူထု အုံကြွမှုကြီး ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

၂ နှစ်မြောက် နှစ်ပတ်လည် အဖြစ် ပြုလုပ် ကြတဲ့ ဆန္ဒပြပွဲတွေ အတွင်းမှာ ဆယ်ကျော်သက်ရွယ် အမျိုးသားငယ် တဦး ပစ်ခတ် ခံရလို့ သေဆုံး ခဲ့ပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြကြ သူတွေက လမ်းတွေကို ပိတ်ဆို့ဖို့ ကြိုးစား ကြရာမှာ လုံခြုံရေး တွေနဲ့ ထိတွေ့မှု တွေဖြစ်ခဲ့ တာ ဖြစ်ပြီး လူတချို့လည်း ဒဏ်ရာ ရရှိခဲ့ကြ ပါတယ်။

ဘာရိန်း အစိုးရ ဘက်ကတော့ ၁၆ နှစ်အရွယ် လူငယ် တဦး အသက် ဆုံးရှုံး ခဲ့ရ တယ်လို့ အတည်ပြု ပြောကြား ခဲ့ပေမယ့် ဘာကြောင့် သေဆုံး ခဲ့ရတယ် လို့တော့ ပြောကြားခြင်း မရှိပါဘူး။

ဘာရိန်း နိုင်ငံမှာ လူများစုဟာ ရှီယာ မွတ်စလင် တွေဖြစ်ကြပေမယ့် သူတို့ကို ဆွန်နီ မွတ်စလင် တော်ဝင် မိသားစုက အုပ်ချုပ် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။