BBC navigation

ကမ္ဘာကြီး အနီးက ဂြိုလ်သိမ်ဂြိုလ်မွှားတခု ဖြတ်သွား

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 00:12 GMT
asteriod_close_earth

ကမ္ဘာကြီး အနီးက ဂြိုလ်သိမ်ဂြိုလ်မွှား ဖြတ်သွား

ဘောလုံးကွင်း ထက်ဝက် စာလောက် ရှိတဲ့ ဂြိုလ်သိမ် ဂြိုလ်မွှား တခုဟာ ကမ္ဘာမြေအနီး ကနေ ဘေးအန္တရာယ် မပေးဘဲ ဖြတ်သွား ခဲ့ပါတယ်။

ဒါဟာ အဲဒီ အရွယ်အစား ရှိတဲ့ ဂြိုလ်သိမ် ဂြိုလ်မွှားတခု ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာခဲ့ခြင်း ဖြစ်တယ်လို့ သိပ္ပံပညာရှင် တွေက ပြောကြပါတယ်။

အဲဒီ ၄၅ မီတာ အချင်းရှိတဲ့ ကျောက် အဆိုင်အခဲဟာ ကမ္ဘာဂြိုလ်နဲ့ အနီးဆုံး ကီလိုမီတာ ၂၈၀၀၀ လောက်ကနေ ဖြတ်သန်း သွားခဲ့တာ ဖြစ်ပြီး ဒါဟာ ရုပ်မြင် နဲ့ မိုးလေဝသ ဂြိုလ်တု တွေနဲ့ ကမ္ဘာဂြိုလ် ကြားက အကာအဝေး ထက်ကို ပိုပြီး နီးကပ် နေပါသေးတယ်။

သိပ္ပံပညာရှင် တွေကတော့ အဲဒီ ဂြိုလ်သိမ်ဂြိုလ်မွှားနဲ့ သူ့မတိုင်ခင်လေးမှာ ရုရှား နိုင်ငံမှာ ကျရောက် သွား ခဲ့တဲ့ ဥက္ကာပျံနဲ့ ဘာမှ ပတ်သက်မှု မရှိဘဲ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။