BBC navigation

ဗင်နီဇွဲလား သမ္မတရဲ့ ပုံကို အစိုးရက ထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 23:00 GMT
chavez

သမီး ၂ ယောက်နဲ့ အတူ တွေ့ရတဲ့ သမ္မတ ချာဗက်ဇ်

ဗင်နီဇွဲလား အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျူးဘား နိုင်ငံမှာ ကင်ဆာ ရောဂါ အတွက် ခွဲစိတ်ကူသမှု ခံယူ ခဲ့တဲ့ သမ္မတ ချားဗက်ဇ်ရဲ့ ဓာတ်ပုံကို ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ ပုံထဲမှာ သမ္မတ ချာဗက်ဇ် ဟာ သမီး ၂ ယောက်နဲ့ အတူ ပြုံးပြုံး ရယ်ရယ်နဲ့ လဲလျောင်း နေတာကို တွေ့မြင် ရပါတယ်။

နောက်ပြီး သမ္မတ ချာဗက်ဇ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း အစိုးရက ထုတ်ပြန်ပြောကြား ခဲ့ပါတယ်။ ဗင်နီဇွဲလား ပြန်ကြားရေး ဝန်ကြီးက သမ္မတ ချာဗက်ဇ်ဟာ လည်ချောင်းမှာ တပ်ပေး ထားတဲ့ လေပြွန်ကနေ အသက်ရှူ နေရပြီး စကားပြော ရာမှာတော့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလား သမ္မတ ချာဗက်ဇ်ဟာ ဘယ်တော့ လောက်မှ တာဝန်တွေ ပြန်လည် ထမ်းဆောင် နိုင်ပါ့မလဲ ဆိုပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ခန့်မှန်း ပြောဆိုမှုတွေ အများအပြား ရှိနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။