BBC navigation

စားသောက်ကုန် အသားတွေကို DNA စစ်ဆေးဖွယ်ရှိ

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 15:25 GMT
Horsemeat test

မြင်းသားက ကျန်းမာရေးအတွက် မစိုးရိမ်ရဘူးလို့ ပြောပေမယ့် စားသောက်ကုန် စံသတ်မှတ်ချက်တွေ ပြည့်မီဖို့ လို

ဥရောပနိုင်ငံ တချို့မှာ အမဲသားလို့ ဖော်ပြပြီး မြင်းသားတွေ ရောင်းချခဲ့မှုအပေါ် စမ်းသပ် စစ်ဆေး နိုင်ဖို့ ဥရောပသမဂ္ဂက အစားအစာ ကျွမ်းကျင်သူတွေ တွေ့ဆုံ ဆွေးနွေး နေကြ ပါတယ်။

ဘရပ်ဆဲလ်စ် မြို့တော်မှာ ကျင်းပတဲ့ ဒီအစည်း အဝေးကနေ အမဲသား စားသောက်ကုန်တွေကို အခါအား လျော်စွာ အမဲသားဟုတ်မဟုတ် DNA မျိုးဗီဇ စစ်ဆေးတာမျိုးတွေ လုပ်ဖို့ အစီအစဉ် အသေးစိတ် ထွက်လာမယ်လို့ မျှော်လင့် ရပါတယ်။

ဒါပေမယ့် စမ်းသပ် စစ်ဆေးမှု ရလာဒ်တွေက ဧပြီလလယ် မတိုင်ခင်တော့ ထွက်လာဖွယ် မရှိပါဘူး။

ဒီအတောအတွင်းမှာပဲ အမဲသား မဟုတ်မှန်း သိသိကြီးနဲ့ ရောင်းခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ပြင်သစ် ကုမ္ပဏီ တစ်ခုက လည်း သူတို့မှာ အပြစ်မရှိဘူး ဆိုတာကို သက်သေပြမယ်လို့ ပြောပါတယ်။

အခု နောက်ဆုံး နော်ဝေ နိုင်ငံနဲ့ သြစတြီးယား နိုင်ငံတွေမှာလည်း အမဲသားနဲ့ ဆိုပြီး ရောင်းတဲ့ ပတ်စ်တာ အသင်းစား ခေါက်ဆွဲ စားသောက်ကုန်တွေမှာ မြင်းသားတွေနဲ့ ရောင်းတာ တွေ့ရကြောင်း သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။