BBC navigation

ပစ္စတိုးရီးယပ်စ်ကို ရုံးတင် စစ်ဆေး

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 15:06 GMT
Oscar

ပစ္စတိုးရီးယပ်စ်ဟာ တရားရုံးတွင်းမှာ ငိုကြွေး

တောင်အာဖရိက နိုင်ငံမှာ ရည်းစားကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ နာမည်ကျော် အားကစားသမား အော်စကာ ပစ္စတိုးရီးယပ်စ်ကို တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

မနေ့တုန်းက သူ့ရည်းစား နာမည်ကျော် မော်ဒယ် ရီဗာ စတီးကမ့်ကို ကြိုတင် ကြံစည် သတ်ဖြတ် ခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောတဲ့ အခါမှာတော့ မစ္စတာ ပစ္စတိုးရီးယပ်စ်ဟာ ငိုကြွေး ခဲ့ပါတယ်။

သူ့ရဲ့ ရှေ့နေတွေကတော့ ဒီပစ်ခတ်မှုဟာ မတော်တဆ ဖြစ်ခဲ့တာလို့ ခုခံ ချေပမယ်လို့ မျှော်လင့် ရပါတယ်။

ခြေနှစ်ဘက်စလုံး ခြေတု တပ်ထားရတဲ့ မစ္စတာ ပစ္စတိုးရီးယပ်စ်ဟာ ပြီးခဲ့တဲ့ အိုလံပစ် အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ် အပါအဝင် ဆုတွေ ဆွတ်ခူးခဲ့တဲ့ ကမ္ဘာကျော် အားကစား သမား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။