BBC navigation

ပစ္စတိုးရီးယပ်စ်ကို ရုံးထုတ်ခဲ့

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 22:50 GMT
pistorius

တရားခွင် အတွင်းက အော်စကာ ပစ္စတိုးရီးယပ်စ်

ချစ်သူမိန်းကလေးကိုသတ်မှုနဲ့ တောင်အာဖရိက နိုင်ငံက ပရီတိုးရီးယား မြို့မှာ ရုံးတင် ခံခဲ့ရတဲ့ ပါရာလမ်ပစ် ချန်ပီယံ အပြေးသမား အော်စကာ ပစ္စတိုးရီးယပ်စ်ကို ခုထက်ထိ ရဲလက်ထဲမှာ ထိန်းသိမ်း ထားဆဲ ဖြစ်ပါတယ်။

သူ့ကို ရုံးတင် ထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ လုံးဝ ငြင်းဆန်ထားတယ်လို့ သူ့မိသားစုက ပြောပါတယ်။

မစ္စတာ ပစ္စတိုးရီးယပ်စ် ဟာ လာမယ့် အင်္ဂါနေ့မှာ အာမခံ လျှောက်ထားဖို့ တရားရုံးကို ပြန်လာ ရဦးမှာ ဖြစ်ပါတယ်။

တရားလို ရှေ့နေတွေ ဘက်ကတော့ အခုလို အာမခံ လျှောက်မယ့် ကိစ္စကို ကန့်ကွက် ထားပြီး သူတို့က သေဆုံးခဲ့ရတဲ့ မစ္စ ရီဗာ စတီန်းကမ့်ကို ကြိုတင် ကြံစည်ပြီးမှ သတ်ဖြတ် ခဲ့တာ ဖြစ်တယ် ဆိုတာကို ပြသနိုင်ဖို့ သက်သေ အထောက်အထား တွေကို ရှာနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မစ္စတာ ပစ္စတိုးရီးယပ်စ်ဟာ အိုလံပစ် ပြိုင်ပွဲကို ခြေနှစ်ဘက် စလုံး မရှိဘဲ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင် နိုင်ခဲ့တဲ့ အားကစား သမား ဖြစ်ခဲ့ပြီး သူ့ကို တောင်အာဖရိက နိုင်ငံသားတွေက အမျိုးသား သူရဲကောင်း တဦး ဖြစ် သတ်မှတ် ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။