BBC navigation

ရုရှားမှာ ဥက္ကာပျံ ကြွေကျ

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 23:44 GMT
meteor russia

ရုရှားမှာ ကြွေကျခဲ့တဲ့ ဥက္ကာပျံ

ရုရှား နိုင်ငံ က တောင်ဘက် ယူရယ် တောင်တန်းဒေသမှာ ကြီးမားတဲ့ ဥက္ကာပျံ တစင်း ကြွေကျ ခဲ့တဲ့အတွက် လူပေါင်း ၁၀၀၀ နီးပါးလောက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

အဲဒီလို ကြွေကျခဲ့ရာမှာ ပြင်းထန်တဲ့ တုန်ခါမှုတွေ ဖြစ်ခဲ့ပြီး အဲဒီ ဒေသအတွင်းက နေရာ တော်တော် များများမှာ ရှိတဲ့ အဆောက်အအုံ တွေလည်း ပျက်စီးခဲ့ရပါတယ်။

ထိခိုက် ဒဏ်ရာ ရရှိသူ တွေထဲက တော်တော်များများ ကတော့ ပဲ့စင် ထွက်လာတဲ့ ဖန်ကွဲ တွေထိမှန် ခဲ့လို့ ဖြစ်တဲ့ ဖူးယောင် ရှနာ မှုမျိုး တွေလောက်သာ ဖြစ်ခဲ့ပေမယ့် လူတချို့ကိုတော့ ဆေးရုံ တင်ထားရပါတယ်။

အဲဒီ ဥက္ကာပျံ ကြွေကျ ခဲ့ရာမှာ နျူကလီးယား ဗုံး တလုံးလောက် အာနိသင် ရှိတဲ့စွမ်းအင် ကီလိုတန် တော်တော်များများကို ထုတ်လွှတ်သွား ခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကတော့ လူသူ ထူထပ်တဲ့ဒေသထဲ ဒီလို ကြီးမားတဲ့ အာကာသ အစိတ်အပိုင်းတွေ ကြွေမကျ ခဲ့တဲ့ အတွက် ဘုရားသခင်ကို ကျေးဇူး တင်မိကြောင်း ပြောကြား ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။