BBC navigation

အာဖဂန် လေကြောင်း တိုက်ခိုက်မှု တချို့ တားမြစ်

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 15:56 GMT

လေကြောင်း တိုက်ခိုက်မှု တခုကြောင့် အရပ်သား ၁၀ ဦး သေဆုံး သွားခဲ့ပြီး၊ နောက်တနေ့ မှာပဲ အခုလို ပြောကြား

အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ လူနေ ဒေသတွေ ဘက်မှာ တိုက်ပွဲတွေ ဖြစ်တဲ့ အခါ လေကြောင်း ကနေ ကူတိုက် ပေးဖို့ တောင်းဆို တာကို၊ ခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ အာဖဂန်သမ္မတ ဟားမစ် ခါဇိုင်းက ပြောကြား လိုက် ပါတယ်။

အာဖဂန် အရှေ့ပိုင်းက ခွန်နား ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှု တခုကြောင့် အရပ်သား ၁၀ ဦး သေဆုံး သွားခဲ့ပြီး၊ နောက်တနေ့ မှာပဲ သမ္မတက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အာဖဂန် တပ်ဖွဲ့ တွေဟာ အခုဆိုရင် လုံခြုံရေး ဆိုင်ရာ စစ်ဆင်ရေး အများစုကို တာဝန်ယူ ဦးဆောင် နေရတာ ဖြစ်ပေမယ့်လည်း၊ သူတို့ ကနေ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ တွေကို လေကြောင်းက ကူပစ် ပေးဖို့ အကူအညီ လှမ်းတောင်းလေ့ ရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြိး မနက်ဖြန်မှာ အမိန့် ထုတ်ပြန်မယ်လို့ သမ္မတ ခါဇိုင်းက ပြောပါတယ်။

တရားဝင် ကြေညာချက် မထုတ်ပြန် သေးခင် အချိန် အထိတော့ နေတိုး တပ်ဖွဲ့တွေက ဘာမှ တုံ့ပြန် ပြောဆိုမှာ မဟုတ်ပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။