BBC navigation

အာဖဂန်တပ်တွေ နေတိုးလေကြောင်းပစ်ကူ မတောင်းရ

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 23:40 GMT
_hamir_karzai_

အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်း

အာဖဂန်နစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေက လူနေအရပ် တွေအပေါ်မှာ နေတိုးရဲ့ လေကြောင်းပစ်ကူ တောင်းခံမှုတွေကို တားမြစ်မယ့် အမိန့် ဒီကရီကို ပြဌာန်း သွားမယ်လို့ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းက ပြောပါတယ်။

မစ္စတာ ခါဇိုင်းက နောက်တနေ့က စလို့ အာဖဂန် တပ်တွေ အနေနဲ့ စစ်ဆင်ရေး တွေအတွင်းမှာ အာဖဂန် လူနေအိမ်ယာ တွေနဲ့ ကျေးရွာ တွေအပေါ်မှာ နိုင်ငံခြားတပ်ဖွဲ့ တွေရဲ့ လေကြောင်းပစ်ကူကို ဘယ်လို အကြောင်းပြချက် နဲ့မှ တောင်းခံခွင့် မပြုတဲ့ အမိန့် ဒီကရီကို ထုတ်ပြန် မယ်လို့ ပြောကြား သွားခဲ့ပါတယ်။

အာဖဂန်မှာ နေတိုးရဲ့ လေကြောင်း ပစ်ကူ တွေကြောင့် အရပ်သား ပြည်သူတွေ သေကြေ ပျက်စီး နေရတာနဲ့ ပတ်သက်လို့ နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ အာဖဂန် အစိုးရ အကြားမှာ အတိမ်းအစောင်း မခံနိုင်တဲ့ ပြဿနာတွေ ဖြစ်နေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်း အတွင်းကပဲ အာဖဂန်နစ္စတန် အရှေ့ပိုင်း က ခွန်နာ ပြည်နယ်မှာ အရပ်သား ၁၀ ယောက် သေဆုံး ခဲ့ရတဲ့ ဖြစ်ရပ် နောက်ပိုင်းမှာ အခုလို မစ္စတာ ခါဇိုင်း ကပြောလိုက်တာ ဖြစ်ပါတယ်။

အခုအာဖဂန် မှာ လုံခြုံရေး ဆိုင်ရာ စစ်ဆင်ရေး တော်တော်များများကို အာဖဂန် တပ်ဖွဲ့တွေက ဦးဆောင် နေပြီ ဖြစ်ပေမယ့်လို့ အာဖဂန်လေတပ် ကတော့ အင်အား အသင့်အတင့်သာ ရှိနေလို့ နေတိုးရဲ့ လေကြောင်းပစ်ကူ ရရှိဖို့ဟာ အတော် အရေးပါတယ်လို့ ကာဘူးလ် မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။