BBC navigation

ပါကစ္စတန်မှာ ဗုံးခွဲတိုက်ခိုက်လို့ လူ ၆ ဦးသေဆုံး

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 23:38 GMT
pakistan_blast

ကွက်တာမြို့က ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာ

ပါကစ္စတန် အနောက်တောင်ပိုင်းကကွက်တာ မြို့မှာ ဗုံးခွဲ တိုက်ခိုက်တာ ခံခဲ့ရတဲ့ အတွက် အနည်းဆုံး လူ ၆ ဦးသေဆုံး ခဲ့ရတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။

လူစည်ကားတဲ့ ဈေးတခုထဲမှာ ဗုံးပေါက်ကွဲ ခဲ့တာ ဖြစ်လို့ လူပေါင်း ၂၀၀ ဝန်းကျင်လဲ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဆွန်နီ အစွန်းရောက် အဖွဲ့ ဖြစ်တဲ့ လခ်ရှာ အီး ဂျန်ဗီ အဖွဲ့က အဲဒီ တိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် သေကြေ ဒဏ်ရာ ရသူ တွေထဲက အများစုဟာ မိန်းမနဲ့ ကလေး သူငယ် တွေ ဖြစ်ပြီး သူတို့တွေဟာ ဆွန်နီ အစွန်းရောက်တွေရဲ့ မကြာခဏ တိုက်ခိုက်မှုတွေ ခံနေရတဲ့ ပါကစ္စတန်ရဲ့ လူနည်းစု ရှီယာ တွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လကလည်း ဗုံး နှစ်လုံး ခွဲပြီး တိုက်ခိုက် ခဲ့တဲ့အတွက် လူပေါင်း ၉၀ ကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။