BBC navigation

ကမ္ဘာ့ပူနွေးမှု အရေး ဝါရှင်တန်မှာ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 01:04 GMT
dc_strike

ကနေဒါကနေ တက္ကဆက် ဖောက်မယ့် ရေနံ ပိုက်လိုင်း ရပ်ဆိုင်းဖို့ ဆန္ဒပြ

ကမ္ဘာလုံး ဆိုင်ရာ ပူနွေးလာမှုကို ကိုင်တွယ် ဖြေရှင်း ရာမှာ ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ချမှတ် လုပ်ဆောင်ရေး အတွက် သမ္မတ အိုဘားမားကို တိုက်တွန်းတဲ့ ဆန္ဒပြမှု အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်နဲ့ တခြား မြို့ကြီးတွေမှာ ဖြစ်ပွားနေ ပါတယ်။

လူပေါင်း ထောင်သောင်းချီ ပါဝင်တဲ့ ဒီဆန္ဒပြပွဲမှာ ရုပ်သံ အစီအစဉ်က နာမည်ကြီး ပုဂ္ဂိုလ်တွေ နိုင်ငံရေး သမားတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ အများအပြား ပါဝင်ကြပါတယ်။

ကနေဒါ ကနေ တက္ကဆက် ပြည်နယ် အထိ ဖောက်လုပ် သွယ်တန်း မယ့် ရေနံ ပိုက်လိုင်း အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားဖို့ ဆန္ဒပြသူ တွေက တောင်းဆိုကြပါတယ်။

သမ္မတ အိုဘားမားကတော့ သူ့ရဲ့ နိုင်ငံတော် မိန့်ခွန်းမှာ လေထု ညစ်ညမ်းမှု လျှော့ချရေး အတွက် ကတိပြု ပြောကြား သွားပါတယ်။

ဒါပေမယ့် ရာသီဥတု ပြောင်းလဲလာတာကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် ပထမ သမ္မတ သက်တမ်း တုန်းက သူ့ရဲ့ ကြိုးပမ်းချက်တွေကို ကွန်ဂရက်က တားဆီး ပိတ်ပင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။