BBC navigation

သမ္မတခါဇိုင်းရဲ့ ပိတ်ပင်မှုကို နေတိုး လက်ခံ

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 15:45 GMT

အာဖဂန် တပ်တွေကို အကူ အညီ ပေးရေး တခြား နည်းလမ်း ရှိတယ်လို့ ဗိုလ်ချုပ်ကြီး ဒန်ဖို့ဒ် ပြော

အာဖဂန် နိုင်ငံ လူနေ ဒေသတွေ ဘက်မှာ တိုက်ပွဲ ဖြစ်တဲ့ အခါ အာဖဂန် တပ်ဖွဲ့တွေ ကနေ နေတိုး တပ်ဖွဲ့တွေ ဆီက လေကြောင်း ပစ်ကူ တောင်းခံ တာကို၊ ပိတ်ပင် မယ် ဆိုတဲ့ အာဖဂန် သမ္မတရဲ့ တင်ပြ ချက်ကို လက်ခံကြောင်း အာဖဂန်က အမေရိကန် ဦးဆောင်တဲ့ နေတိုး တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒန်ဖို့ဒ်က ပြောကြား လိုက်ပါတယ်။

အာဖဂန် တပ်ဖွဲ့တွေကို အကူ အညီ ပေးရေး တခြား နည်းလမ်းတွေ ရှိတယ်လို့ ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

နေတိုး တပ်ဖွဲ့ ပြောခွင့်ရသူက ဘီဘီစီကို ပြောကြားရာ မှာတော့ အာဖဂန် တပ်ဖွဲ့တွေရဲ့ စစ်ဆင်မှု တွေမှာ အမြောက်တပ်နဲ့ ပစ်ကူပေး နိုင်ကြောင်း ပြောပါတယ်။

လေကြောင်း တိုက်ခိုက် မှုကြောင့် အရပ်သားတွေ သေဆုံး ရတဲ့ ကိစ္စဟာ နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ အာဖဂန် အစိုးရ အကြား အချိန် အတော်ကြာ ဖြစ်လာ နေတဲ့ အထိ အခိုက် မခံတဲ့ ကိစ္စရပ် တခု ဖြစ်ပါတယ်။

နိုင်ငံ အရှေ့ဘက်ပိုင်း ခွန်နားပြည်နယ် လေကြောင်း တိုက်ခိုက်မှု တခုကြောင့် အရပ်သား ၁၀ ဦး သေးဆုံး သွားခဲ့ပြီးနောက် ရက်ပိုင်းမှာပဲ သမ္မတ ခါဇိုင်းကနေ အခုလို လေကြောင်း တိုက်ခိုက်မှု ပိတ်ပင်မယ် ဆိုတဲ့ ပြောကြားချက် ထွက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။