BBC navigation

ဗင်နီဇွဲလား သမ္မတ ကျူးဘားက ပြန်ရောက်

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 16:46 GMT

စစ်ဆေးရုံကို ရောက်ရှိ လာရာ သူ့ကို ထောက်ခံသူ လူအုပ်ကြီးက ကြိုဆို ခဲ့ကြ ပါတယ်

ကျူးဘား နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လက သွားရောက် ပြီး ဆေးကုသမှု ခံယူ နေတဲ့ ဗင်နီဇွဲလား သမ္မတ ဟူဂို ချားဗက်ဇ်ဟာ အခုတော့ သူ့နိုင်ငံကို ပြန်ရောက် လာပြီ ဖြစ်ပါတယ်။

မစ္စတာ ချားဗက်ဇ် ဟာ ဒေသ စံတော်ချိန် မနက် အစောပိုင်းမှာ ပြန်ရောက် လာတာ ဖြစ်တယ်လို့ ဒုသမ္မတ ဖြစ်သူ နီကိုးလက်စ် မဒူရိုက နိုင်ငံပိုင် ရုပ်သံ ကနေ ကြေညာသွားတာ ဖြစ်ပါတယ်။

ကင်ဆာ ရောဂါကြောင့် ခွဲစိတ်ကုသ ခံယူ ခဲ့ရတဲ့ မစ္စတာ ချားဗက်ဇ်ကို အခုတော့ ဗင်နီဇွဲလား မြို့တော် ကရားကက်စ် စစ်ဆေးရုံကို ပို့ဆောင် ခဲ့ရာ၊ လူအုပ်ကြီးက သူ့ကို ကြိုဆို ခဲ့ကြ ပါတယ်။

မစ္စတာ ချားဗတ်ဇ်က သူပြန်လာပြီ ဖြစ်ကြောင်းကို အင်တာနက် လူမှုကွန်ယက် ဖြစ်တဲ့ တွစ်တာ ကနေလည်း ကြေညာထား ပါတယ်။

သမ္မတက တွစ်တာမှာ ရေးသား ထားတာ ကတော့ ''ကျွန်တော်တို့တွေ မွေးရပ်ဌာနေကို ပြန်လည် ရောက်ရှိ လာပြီ။ ဘုရား သခင်ကို ကျေးဇူးတင် ပါတယ်။ ကျွန်တော် ချစ်တဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်''လို့ ရေးထားပါတယ်။

မစ္စတာ ချားဗတ်ဇ်ဟာ ကင်ဆာ ရောဂါကြောင့် ၁၈ လ အတွင်း ၄ ကြိမ်မြောက် ကျူးဘားကို သွားရောက် ဆေးကုသ နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ ရက် ကတော့ အိပ်ယာ ပေါ်မှာ နေ့စဉ် သတင်းစာ တစောင်ကို ဖတ်နေတဲ့ မစ္စတာ ချားဗက်ဇ်ရဲ့ ဓာတ်ပုံကို ဗင်နီဇွဲလား အစိုးရ ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။