BBC navigation

အာဖဂန်မှာ အရပ်သား သေဆုံးမှု လျော့ကျ

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 14:45 GMT

သေဆုံးသွား သူတွေ ထဲက ၈၀ ရာခိုင်နှုန်း ကတော့ သူပုန်တွေ လက်ချက် ကြောင့် လို့ ဆိုပါတယ်

အာဖဂန် နစ္စတန်မှာ ဖြစ်ပွား နေတဲ့ စစ်ပွဲတွေ ကြောင့် အရပ်သား သေဆုံးရ မှုဟာ ၆ နှစ် အတွင်း ပထမဆုံး အကြိမ် ကျဆင်း သွားခဲ့ တယ်လို့ ကုလသမဂ္ဂ အစီရင် ခံစာ တခုက ပြောပါ တယ်။

ပြီးခဲ့တဲ့ နှစ်က အရပ်သား ၂၇၅၄ ဦး သေဆုံး ခဲ့ပြီး၊ ဒါဟာ အရင် တနှစ်နဲ့ စာရင် ၄၀၀ နီးပါး လျော့နည်း သွားတာ ဖြစ်ပါတယ်။

သေဆုံးသွား သူတွေ ထဲက ၈၀ ရာခိုင်နှုန်း ကတော့ သူပုန်တွေ လက်ချက် ကြောင့် ဖြစ်တယ်လို့ အစီရင် ခံစာက ဆိုပါတယ်။

နေတိုး နဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှု ကြောင့် သေဆုံးရသူ အရပ်သား အရေ အတွက် ကတော့ ၁၂၆ ဦး ဖြစ်တယ် လို့ ဆိုပါတယ်။

နိုင်ငံ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် ပိုင်းမှာတော့ စစ်သွေးကြွ အဖွဲ့တွေ ပြန်ပေါ် လာပြီး အမျိုး သမီးနဲ့ မိန်းကလေးတွေ သေဆုံးရမှု ၂၀ ရာခိုင်နှုန်း တိုးလာ တယ်လို့ ပြောပါတယ်။

အာဖဂန်မှာ ရှိတဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ယန်းကူဘီးစ် ကတော့ တခုလုံး အတိုင်း အတာ အရ အရပ်သား သေဆုံးမှု လျော့ကျ တာကို ကြိုဆိုလိုက် ပေမယ့် စစ်ပွဲကြောင့် အရပ်သားတွေ သေနေ ရတာဟာ လက်ခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။