BBC navigation

ဂျွန်ကယ်ရီရဲ့ ပထမ မိန့်ခွန်း

နောက်ဆုံး ရေးသားချိန် 20 ဖေဖေါ်ဝါရီလ 2013 - 23:09 GMT
john kerry

ပြည်ပ အကူအညီပေးလို့ အမေရိကန်တန်ခိုးကြီး

အမေရိကန် နိုင်ငံခြားရေး မူဝါဒ အသုံးစရိတ်တွေ ရှိမြဲ အတိုင်း ထားရှိဖို့ နိုင်ငံခြားရေး ဝန်ကြီးသစ် ဂျွန်ကယ်ရီ ရာထူး လက်ခံ ပြီးနောက် ပထမဆုံး ပေးတဲ့ မိန့်ခွန်းမှာ ခုခံ ပြောဆို သွားပါတယ်။

ဗာဂျင်းနီးယား တက္ကသိုလ်မှာ မိန့်ခွန်း ပေးရာမှာ မစ္စတာ ကယ်ရီက သံတမန်တွေ ခန့်ထားတာဟာ နောက်မှ စစ်တပ်တွေ လွှတ်ရတာထက် အများကြီး သက်သာကြောင်း နှိုင်းယှဉ် ပြောဆို သွားခဲ့ပါတယ်။

ပြည်ပ အကူအညီ တွေပေးကမ်းပြီး အမေရိကန်ရဲ့ တန်ခိုး ကြီးမားအောင် ဆောင်ရွက်နိုင်ကြောင်းလဲ သူက ဆိုပါတယ်။

နိုင်ငံခြားရေး ဌာန အသုံးစရိတ် ချပေးဖို့ ကွန်ဂရက် လွှတ်တော်က ဆက်ပြီး ပိတ်ဆို့ ဟန့်တား နေတာဟာ အမေရိကန်ရဲ့ ပြည်ပ ကူညီ စွမ်းဆောင်မှုတွေကို ညှိုးမှိန် စေလိမ့်မယ် လို့လဲ မစ္စတာ ကယ်ရီက သတိပေး ပြောဆို ပါတယ်။

အမေရိကန် နိုင်ငံခြားရေး မူဝါဒဟာ ပြည်ပမှာသာ မက ပြည်တွင်းမှာပါ သက်ရောက် အရေးပါ နေတာ တွေ့ရပြီလို့လဲ သူက ပြောပါတယ်။

ပြည်တွင်း လုံခြုံရေး တည်ငြိမ်ရေး တို့သာမက ကမ္ဘာ့ အရေးတွေကိုပါ အမေရိကန်က အာရုံစိုက် နေပြီး စီးပွားရေး လုံခြုံရေး တည်ငြိမ်မှု ကင်းမဲ့တဲ့ နိုင်ငံတွေက ကမ္ဘာ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေတယ်လို့လဲ မစ္စတာ ကယ်ရီက မှတ်ချက်ချ လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။