BBC navigation

ဖောက်ထွင်းသူ အထင်နဲ့ ပစ်ခတ်ခဲ့မိဆိုသူ

နောက်ဆုံး ရေးသားချိန် 20 ဖေဖေါ်ဝါရီလ 2013 - 16:32 GMT

အိမ်ထဲကို ဖောက်ဝင်လာတဲ့သူ ထင်လို့ သတ်မိတာလို့ ဆိုနေတဲ့ Pistorious

တောင်အာဖရိက က မသန်စွမ်း အားကစားသမား အိုလံပစ် ချန်ပီယံ Oscar Pistorius ရဲ့ ရည်းစား Reeva Steenkamp အသတ်မခံရခင် ညတုန်းက သူအိမ်ဖက်ကနေ အမျိုးသမီး တယောက် အော်ဟစ်သံတွေ ၊ အချက် တော်တော်များများ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ တရားရုံး ကြားနာ စစ်ဆေးမှု အရ သိရပါတယ်။

ဒါပေမယ့် သူ့အိမ်ကနေ အပြန်အလှန် ရန်ဖြစ်သံတွေလည်း ကြားခဲ့ ရတယ်လို့ သတင်းပေးခဲ့တဲ့ မျက်မြင် သက်သေ တယောက်ဟာ ပစ်စ်တိုးရီးယက်စ် အိမ်နဲ့ ကီလိုမီတာ တဝက် ကျော်ကျော်လောက် အဝေးမှာ နေထိုင်သူ ဖြစ်ပါလို့ စုံစမ်း စစ်ဆေးရေး ရဲတယောက်က ဝန်ခံ ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် လိုင်စင်မဲ့ လက်နက်တွေ ၊ ဟော်မုန်းဆေးတွေနဲ့ အပ်တွေကိုလည်း သူ့အိမ်မှာ ရှာတွေ့ခဲ့တယ်လို့ စုံစမ်းရေး အရာရှိက ပြောပြီး တရားခံ ရှေ့နေ ကတော့ ဒါတွေဟာ ဆေးကုသဖို့ ဖြစ်တယ်လို့ ချပခဲ့ပါတယ်။

မစ္စတာ ပစ်စတိုးရီးယက်စ် ကတော့ ရီဗာ စတီးကန့်ပ်ကို တမင်သက်သက် သတ်တာ မဟုတ်ဘူး ဖောက်ထွင်းသူ အထင်နဲ့ ပစ်ခတ်ခဲ့မိတာပါလို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။