BBC navigation

Pistorius အမှုစစ်ချက် မိသားစု စောဒကတက်

နောက်ဆုံး ရေးသားချိန် 20 ဖေဖေါ်ဝါရီလ 2013 - 22:16 GMT
botha

ဘိုသာရဲ့ စစ်ချက်မှာ ချွတ်ချော်တာရှိ

တောင်အာဖရိက မသန်စွမ်း ကစားသမား အော်စကာ ပစ္စတိုးရီးယက်စ် အမှု စုံစမ်းရေး အရာရှိ ဟီလ်တန် ဘိုသာရဲ့ စစ်ချက်မှာ မကိုက်ညီ ချွတ်ချော်မှုတွေ ရှိနေလို့ အင်မတန် စိုးရိမ် မိကြောင်း ပစ္စတိုးရီးယက်စ် ရဲ့ မိသားစု က ပြောဆို ခဲ့ပါတယ်။

အပြန်အလှန် စစ်ဆေး မေးမြန်းမှုတွေ အပြီးမှာ ပစ္စတိုးရီးယက်စ် က သူ့ရည်းစားကို ဖောက်ထွင်းသူ အထင်နဲ့ ပစ်ခတ်ခဲ့မိကြောင်း ထွက်ဆိုချက်ကို ဖယ်ရှားနိုင်တဲ့ သက်သေ အထောက်အထား မတွေ့ရကြောင်း မစ္စတာ ဘိုသာက ဝန်ခံ ပြောကြား ခဲ့ပါတယ်။

ပစ္စတိုးရီးယက်စ် အိမ်ကနေ အော်ဟစ်သံ ၊ ပစ်ခတ်သံနဲ့ အပြန်အလှန် ရန်ဖြစ်သံ တွေ ကြားခဲ့တယ် ဆိုတဲ့ သက်သေတွေဟာ အဲဒိအိမ်နဲ့ ဘယ်လောက် အကွာအဝေးကနေ ကြားတာလဲ ဆိုတာ မစ္စတာ ဘိုသာ သဲသဲကွဲကွဲ မသိခဲ့ပါဘူး။

အမျိုးသား ဟော်မုန်းဆေးတွေ ပစ္စတိုးရီးယက်စ် အိမ်မှာ တွေ့ခဲ့တယ်လို့ ဘိုသာက ပြောခဲ့ပေမယ့် ဒါကို စစ်ဆေး နေဆဲ ဖြစ်ကြောင်း ရဲက နောက်မှ ဝန်ခံ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။