BBC navigation

ဂျပန် အကျဉ်းသား သုံးယောက်ကို ကွပ်မျက်

နောက်ဆုံး ရေးသားချိန် 21 ဖေဖေါ်ဝါရီလ 2013 - 16:58 GMT
Japanese Prime Minister Shinzo Abe

ဒီဇင်ဘာလက အာဏာရလာခဲ့တဲ့ ဂျပန် ဝန်ကြီး ချုပ်သစ် ရှင်ဇို အာဘေး

ရှင်ဇို အာဘေး အစိုးရ အာဏာ ရလာ ပြီးတဲ့နောက် ဂျပန် နိုင်ငံမှာ သေဒဏ် ကျခံ နေရတဲ့ အကျဉ်းသား သုံးယောက်ကို ပထမဆုံး အကြိမ် ကွပ်မျက်ခဲ့ ပါတယ်။

အဲဒီလူ သုံးယောက် စလုံးဟာ လူသတ်မှု ကျူးလွန် ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံနဲ့ ဂျပန် နိုင်ငံ တို့သာ သေဒဏ်ကျ အကျဉ်းသား တွေကို ကွပ်မျက်လေ့ ရှိပါတယ်။

ဂျပန် နိုင်ငံမှာ အခု လောလောဆယ် သေဒဏ် အပြစ် ပေးခံ ထား ရသူ ၁၃၀ ကျော် ရှိပါတယ်။

ဂျပန်ရဲ့ သေဒဏ် အပြစ်ပေး စနစ်ကို လူ့ အခွင့် အရေး အဖွဲ့ တွေက ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် နေခဲ့ကြ ပါတယ်။

သေဒဏ် အပြစ် ပေးခံ ထားရတဲ့ အကျဉ်းသား တွေကို နှစ်ရှည် လများ တိုက်ပိတ် ထားခဲ့ပြီးမှ ကွပ်မျက် ခံရကာနီး နာရီပိုင်း အလိုမှာ သူတို့ကို အသိ ပေးတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။