BBC navigation

ပစ္စတိုးရီးယပ်စ် အမှုလိုက်အရာရှိ လဲပစ်ရ

နောက်ဆုံး ရေးသားချိန် 21 ဖေဖေါ်ဝါရီလ 2013 - 22:38 GMT
botha

ဘိုသာ အပေါ် ၇ မှု စွဲဆိုထား

အော်စကာ ပစ္စတိုးရီးယပ်စ်ရဲ့ အမှုလိုက် အရာရှိ ကိုယ်တိုင် လွန်ခဲ့တဲ့ ၂ နှစ် လောက်က လူသတ်ရန် ကြံစည်မှု ၇ မှုနဲ့ စွဲဆို ခံထားရကြောင်း ထွက်ပေါ် လာပြီးနောက် ချက်ချင်း လူစားထိုး လိုက်ရပါတယ်။

တောင်အာဖရိက ရဲချုပ် Mangwashi Victoria Phiyega က အင်မတန် အရေးကြီးတဲ့ ဒီကိစ္စ စုံစမ်း စစ်ဆေးရေး အတွက် စုံထောက် မင်းကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မူးရဲ့ လက်အောက်ကို လွှဲပေးဖို့ ဆုံးဖြတ်ကြောင်း ကြေညာ ခဲ့ပါတယ်။

ဒီအမှုကို နိုင်ငံ အဆင့် သတ်မှတ် အရေးယူ သွားမယ်လို့လဲ ဆိုပါတယ်။

ဝရမ်း အရာရှိ ဟီလ်တန် ဘိုသာ အပေါ် စွဲဆိုထားမှုတွေကို ဒီလ စောစောပိုင်း ကမှ အမှု ပြန်ဖွင့် ခဲ့တယ်လို့ တောင်အာဖရိက ရဲအဖွဲ့က ပြောကြား ပါတယ်။

မသန်စွမ်း အိုလံပစ် အပြေး ချန်ပီယံ ပစ္စတိုးရီးယက်စ် အယူခံ ကြားနာပွဲ မှာ မစ္စတာ ဘိုသာရဲ့ သက်သေ တွေ့ချက်တွေကို စိန်ခေါ် လာတဲ့ ဗုဒ္ဓဟူးနေ့ကမှ ဒီအကြောင်းကို တွေ့ရှိ ခဲ့ကြတာပါ။

မစ္စတာ ပစ္စတိုးရီးယက်စ် ကတော့ သူ့ရည်းစား Reeva Steenkamp ကို ဖောက်ထွင်းသူ အထင်နဲ့ ပစ်ခတ်ခဲ့မိတယ်လို့ ငြင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။