BBC navigation

Jimmy Savile အရှုပ်တော်ပုံ စစ်ဆေးချက် ထွက်

နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2013 - 18:26 GMT

သူ့ရဲ့ မဖွယ်မရာ လုပ်ရပ်တွေကို Newsnight က မထုတ်လွှင့်ခဲ့တာဟာ ဘီဘီစီကို အကျည်းတန် စေခဲ့

ကွယ်လွန် သွားပြီ ဖြစ်တဲ့ ဘီဘီစီက အစီ အစဉ် တင်ဆက်သူ Jimmy Savile ရဲ့ လိင်မှု ဆိုင်ရာ မတော် မတရား ပြုကျင့် မှုတွေနဲ့ ပတ်သက်ပြီး ထုတ်လွှင့်ဖို့ စီစဉ်ထား တာကို ဘီဘီစီ Newsnight အစီအစဉ် ကနေ မထုတ်လွှင့်ဘဲ ဘာကြောင့် ဖြုတ်ပစ်ခဲ့ သလဲ ဆိုတာကို လွတ်လပ်တဲ့ ကော်မရှင် တခု ကနေ စုံစမ်း စစ်ဆေး ခဲ့ရာ အခုတော့ စာမျက်နှာ ပေါင်း ထောင်ချီတဲ့ တွေ့ရှိ ချက်တွေကို ဘီဘီစီ ကနေ ထုတ်ပြန်လိုက် ပါပြီ။

ပြီးခဲ့တဲ့ ဒီဇင်လာလ တုန်းက ဒီစုံစမ်းရေး ကော်မရှင် ကနေ Newsnight ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး သူတို့ ရဲ့ တွေ့ရှိ ချက်တွေကို တင်ပြခဲ့ တုန်းက ဘီဘီစီ မန်နေဂျာတွေ အကြား အခြေ အနေတွေ ထိန်းမနိုင် သိမ်းမရနဲ့ ရှုပ်ထွေး မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

သောကြာနေ့ မှာတော့ စုံစမ်း စစ်ဆေးမှု ကနေ တွေ့ရှိ ထားတဲ့ အင်တာဗျူးတွေ၊ အီမေးလ်တွေကို ဘီဘီစီ ကနေ အွန်လိုင်းမှာ တင်ထား လိုက်ပြီ ဖြစ်ပါတယ်။

တချို့သော ပြင်းထန်တဲ့ သဘောထား ဖေါ်ပြချက်တွေ ကိုတော့ ပိတ်ထား တာကို တွေ့ရပါတယ်။

လက်ရှိ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် Tim Davie ကတော့ သူ့အဆို ဘီဘီစီရဲ့ သမိုင်းမှာ အကျည်းတန် စေတဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အခုတော့ ပွင့်ပွင့် လင်းလင်း ထုတ်ပြန် လိုက်ပါပြီလို့ ပြောကြားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။