BBC navigation

မာလီမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ပြင်သစ် သမ္မတ ပြော

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 23:33 GMT
mali hollande

ပြင်သစ်သမ္မတ အိုလောန်း

မာလီ နိုင်ငံမှာ အစ္စလာမ်မစ် သူပုန်တွေကို သူတို့ ခိုအောင်း နေကြတဲ့ တောင်တန်း တွေကနေ ပြင်သစ် တပ်ဖွဲ့ တွေက တိုက်ထုတ် နေကြရာမှာ နောက်ဆုံး အဆင့်ကို ရောက်နေပြီ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ အိုလောန်းက ပြောကြားလိုက် ပါတယ်။

ပါရီ မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ အိုလောန်းက မာလီမြောက်ပိုင်းမှာ သူပုန်တွေကို တိုက်ထုတ်ရာမှာ ပါဝင် တိုက်ခိုက် ပေးနေတဲ့ ချဒ် တပ်ဖွဲ့တွေကိုလည်း ဂုဏ်ပြု ခဲ့ပါတယ်။

မစ္စတာ အိုလောန်းက အခု မာလီမြောက်ဖျားပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေကြောင်း၊ ပြင်သစ် တပ်ဖွဲ့တွေ တိုက်ရိုက် ပါဝင်တိုက်ခိုက် နေကြတဲ့ အကြောင်းနဲ့ သူပုန်တွေ အများအပြား ခိုအောင်းနေကြတဲ့ အစ်ဖိုဂါ့စ် တောင်တွေ ဘက်မှာ ဖြစ်ကြောင်း၊ မနေ့က အကျအဆုံး များခဲ့တဲ့ စစ်ဆင်ရေးတွေ ပြုလုပ် ခဲ့ကြတဲ့ ချဒ်တပ်ဖွဲ့ တွေကိုလည်း ဂုဏ်ပြုကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲ တခုမှာ ဆိုရင် ချဒ် တပ်ဖွဲ့ဝင် ၁၃ ယောက် နဲ့ သူပုန် ၆၅ ယောက် သေဆုံး ခဲ့ကြပါတယ်။

မာလီမှာ တပ်စွဲ ထားကြတဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေ ထဲမှာ ချဒ်တပ်ဖွဲ့ဝင် ၂၀၀၀ ပါဝင်ပါတယ်။

အဲဒီ တပ်ဖွဲ့တွေဟာ နောက်လမှာ ပြင်သစ် တပ်ဖွဲ့တွေ စတင် ရုတ်သိမ်း တဲ့ အခါမှာ အခုပြုလုပ် နေတဲ့ စစ်ဆင်ရေး တာဝန် တွေကို လွှဲပြောင်း ရယူ သွားကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။