BBC navigation

ဘာလူစကိုနီ ရွေးကောက်ပွဲ စည်းဖောက်

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 00:27 GMT
italy

စည်းဖောက်ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ မစ္စတာ ဘာလူစကိုနီ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီယို ဘာလူစကိုနီဟာ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရာမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို ချိုးဖောက် ခဲ့တယ်လို့ ပြိုင်ဘက် တွေက စွပ်စွဲလိုက် ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် တရက် အလိုမှာ မဲဆွယ် စည်းရုံးမှုတွေ မလုပ်ဖို့ တားမြစ် ထားတာ ဖြစ်ပေမယ့် စနေနေ့က ဂရိ ရုပ်မြင်သံကြားလိုင်းနဲ့ ပြုလုပ် ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ ဘာလူစကိုနီက အီတလီ နိုင်ငံရဲ့ တရားရေး စနစ်ကိုလည်း တိုက်ခိုက် ပြောဆိုလိုက်ပြီး သူ့ရဲ့ ပြိုင်ဘက်တွေက သူ့ကို ရှင်းပစ်ဖို့ ကြိုးစား နေကြတယ် လို့လည်း ဆိုပါတယ်။

မစ္စတာ ဘာလူစကိုနီရဲ့ ရုံးကတော့ ဒီအင်တာဗျူး လုပ်တုန်းက ရွေးကောက်ပွဲ ပြီး နောက်တရက်မှာ ထုတ်လွှင့် ပြသဖို့အတွက် လုပ်ခဲ့တာ လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲတွေ စတင် ကျင်းပပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။