BBC navigation

ဆီးရီးယားအတိုက်အခံ နိုင်ငံတကာကို ကန့်ကွက်

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 15:47 GMT

ဆီးရီးယား မြို့ကြီးတွေကို စကက် ဒုံးတွေနဲ့ ပစ်နေ တာကို နိုင်ငံတကာက နှုတ်ဆိတ်နေ တယ်လို့ SNC စွပ်စွဲ

ဆီးရီးယား အဓိက အတိုက် အခံ အဖွဲ့ ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အဖွဲ့ SNC က ဆီးရီးယား နိုင်ငံမှာ ဖြစ်ပွား နေတဲ့ အကြမ်းဖက် မှုတွေ ရပ်တန့် သွားအောင် နိုင်ငံ တကာ ကနေ မဆောင်ရွက် နိုင်ခဲ့တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံ တကာ ဆွေးနွေးပွဲ အတော် များများကို တက်ရောက် တော့မှာ မဟုတ်ဘူးလို့ ပြောကြား လိုက်ပါတယ်။

အခုလို နိုင်ငံ တကာ ကနေ မဆောင်ရွက် နိုင်ခဲ့တာဟာလည်း ရှက်စရာ ကောင်းကြောင်း SNC က ပြောပါတယ်။

SNC အဖွဲ့ရဲ့ လန်ဒန် ကိုယ်စားလှယ် ဝါလစ် ဆက်ဖိုးက ဘီဘီစီကို ပြောကြားရာမှာတော့ ဆီးရီးယား မြို့ကြီးတွေကို စကက် ဒုံးတွေနဲ့ ပစ်ခတ် နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက နှုတ်ဆိတ် နေတဲ့ အပေါ် SNC က အမျက်ဒေါ်သ ဖြစ်ကြောင်း ပြောကြားသွား ပါတယ်။

ရှေ့လ ရောမမြို့ မှာ ပြုလုပ်မယ့် ဆီးရီးယား မိတ်ဆွေများ အဖွဲ့ အစည်း အဝေးကို တက်ရောက်မှာ မဟုတ် သလို၊ မော်စကိုနဲ့ ဝါရှင်တန် က ဆွေးနွေးပွဲ ဖိတ်ကြား ထားတာတွေ ကိုလည်း လက်ခံမှာ မဟုတ်ဘူး လို့ ပြောပါတယ်။

အခုလို ဆုံးဖြတ် လိုက်တဲ့ အတွက် အမေရိကန် နဲ့ ရုရှား တို့က ထောက်ခံထားတဲ့ SNC ခေါင်းဆောင် Moaz al-Khatib ရဲ့ ကနဦး ကြိုးပမ်း ချက်တွေ ကို ဖျက်ဆီး လိုက်သလို ဖြစ်သွား စေခဲ့ တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ ကြိုးပမ်း ချက်ကတော့ ဆီးရီးယား ပဋိပက္ခတွေ ဖြေရှင်းရေး အတွက် သမ္မတ အာဆတ် အစိုးရ အဖွဲ့ဝင် တွေနဲ့ စကား ပြောဖို့ ကမ်းလှမ်း ထားချက်ပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။