BBC navigation

ဆီးရီးယားအရေး ဆွေးနွေးပွဲကို အတိုက်အခံတွေ သပိတ်မှောက်

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 00:15 GMT
allepo

စကဒ် ဒုံးကျည်နဲ့ တိုက်ခိုက် ခံခဲ့ရတဲ့ အပျက်အစီးများကြားက အလက်ပိုမြို့

ဝါရှင်တန်၊ မော်စကိုနဲ့ ရောမ မြို့တွေမှာ ပြုလုပ်မယ့် ဆီးရီးယား မိတ်ဆွေ နိုင်ငံများရဲ့ ဆီးရီးယား အရေး ဆွေးနွေးပွဲ တွေကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဆီးရီးယား အတိုက်အခံ တွေက ပြောပါတယ်။

ဆီးရီးယား နိုင်ငံက အလက်ပို မြို့မှာ ဒုံးကျည်တွေနဲ့ ပစ်ခတ် ခံခဲ့ရတာကို နိုင်ငံတကာက နှုတ်ဆိတ် နေခဲ့တာနဲ့ ပတ်သက်လို့ ဆန့်ကျင်တဲ့ အနေနဲ့ သပိတ်မှောက်တာလို့ ဆိုပါတယ်။

ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အဖွဲ့က ပြောခွင့်ရသူက အစိုးရ တပ်တွေ ဘက်က စကဒ် ဒုံးကျည်တွေ နဲ့ပစ်ခတ် တိုက်ခိုက်နေမှု တွေကို တိုးလုပ် လာနေတာကို နိုင်ငံတကာက ကန့်ကွက် ပြောကြားမှုတွေ မလုပ်ကြတာနဲ့ ပတ်သက်လို့ အတိုက်အခံ အဖွဲ့တွေက စိတ်ဆိုး ဒေါသထွက် နေကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ဆွေးနွေးပွဲတွေကို မတက်ရောက်ဖို့ ပြောလိုက်တာဟာ အမေရိကန်နဲ့ ရုရှား တို့က ထောက်ခံ ပေးထားတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်က ဆီးရီးယား သမ္မတ အာဆတ်ဒ် အစိုးရနဲ့ ဆွေးနွေးဖို့ အတွက် ကြိုးစား မှုတွေအားလုံးကို အဆုံးသတ် ပေးလိုက်သလို ဖြစ်သွားတယ်လို့ အဲဒီကဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။