BBC navigation

အကြိတ်အနယ် ပြိုင်ကြမယ့် အော်စကာ ဆုပေးပွဲ

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 22:44 GMT
oscar

အထင်ရှားဆုံး ရုပ်ရှင် ဆုပေးပွဲ

အမေရိကန် နိုင်ငံ လော့ဆန်းဂျလိစ် မြို့မှာ လာမယ့် နာရီပိုင်း အတွင်းမှာပဲ ၈၅ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ ကြီး စတင်တော့မှာ ဖြစ်ပါတယ်။

ဒီဆုပေးပွဲဟာ ဟောလီးဝုဒ် ရုပ်ရှင် ဆုပေးပွဲတွေရဲ့ အထွတ်အထိပ် ပွဲကြီးလဲ ဖြစ်ပါတယ်။

ရွှေရောင် အော်စကာ အရုပ်ငယ်လေးတွေနဲ့ အနားသတ် ထားတဲ့ ကော်ဇောနီကြီး ခင်းထားတဲ့ ဒေါ်လ်ဘီ ဇာတ်ရုံကြီးထဲကို ကမ္ဘာကျော် ရုပ်ရှင် ကြယ်ပွင့် တချို့ စုဝေး ရောက်ရှိနေကြ ပါပြီ။

စတီဗင် စပီးလ်ဘတ် ရိုက်ကူးတဲ့ လင်ကွန်း ဇာတ်ကားက ဆန်ကာတင်ဆု ၁၂ ဆုနဲ့ ရှေ့ဆုံးက ပြေးနေပါတယ်။

ဒီကားဟာ အီရန်က အမေရိကန် ဓားစာခံတွေ လွတ်မြောက်ရေး အကြောင်း ဘင်အက်ဖလက် ရိုက်ကူးတဲ့ အာဂို ရုပ်ရှင်ကားနဲ့ အပြိုင် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။