BBC navigation

ပုပ်ရဟန်းမင်းကြီးရဲ့ နောက်ဆုံး တနင်္ဂနွေဆုတောင်းပွဲ

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 15:52 GMT

အသင်းတော်ကြီး အတွက် အလုပ် အကျွေး ဆက်ပြု သွားမှာ ဖြစ်တယ်လို့ ပုပ်ရဟန်း မင်းကြီးက ပြောပါတယ်

ပုပ်ရဟန်မင်းကြီး ဘန်နဒစ်ဟာ လာမယ့် ကြာသပတေးနေ့ မှာ ရိုမန် ကက်သလစ် အသင်းတော်ကြီးရဲ့ သာသနာပိုင် အဖြစ် ကနေ မနုတ်ထွက်ခင် နောက်ဆုံး တနင်္ဂနွေ လူထု ဝတ်ပြု ဆုတောင်းပွဲ မှာ သူ့အနေနဲ့ ကက်သလစ် အသင်းတော်ကြီးကို စွန့်လွှတ်မှာ မဟုတ် ကြောင်း ပြောကြားသွားပါတယ်။

ဒါပေမယ်လို့ ဘုရားသခင် ရဲ့ အလိုတော် အတိုင်း ဝတ်ပြု ဆုတောင်းမှုတွေနဲ့ တရား ကျင့်ကြံ မှုတွေကို ပိုမို ကြိုးစား လုပ်ဆောင် သွားကာ၊ အသင်းတော်ကြီး အတွက် အလုပ် အကျွေး ပြုသွားမှာ ဖြစ်တယ်လို့ သူက ဆက် ပြောပါတယ်။

ဘန်နဒစ်ဟာ ပုပ်ရဟန်မင်းကြီး အဖြစ် ရှစ်နှစ်ကြာ တာဝန် ယူခဲ့တာ ဖြစ်ပြီး၊ နောက်ဆုံး အနေနဲ့ လူထုကို မနှုတ်ဆက်ခင် အခုလို တနင်္ဂနွေ ဆုတောင်း ပွဲမှာ ပြောကြား သွားတာကို များပြား လှတဲ့ လူအုပ်ကြီးဟာ စိန့်ပီတာ ရင်ပြင်မှာ လာရောက် စုရုံးပြီး နားထောင်ခဲ့ ကြပါတယ်။

ပုပ်ရဟန်မင်းသစ် တပါး တင်မြှောက်ရေး အတွက် ကာဒီနယ် ကက်သလစ် ဘုန်းတော်ကြီးတွေ ရောမ မြို့ကို စတင် ရောက်ရှိ လာနေ ကြပြီ ဖြစ်ရာ၊ ဒီ ရွေးကောက် တင်မြောက် ပွဲမှာ အမေရိကန် ဘုန်းတော်ကြီး Keith O’ Brien မပါဝင် ဖို့ကို လူပေါင်း ၁ သောင်းနီးပါး လောက် ကနေ စုပေါင်း လက်မှတ် ထိုးပြီး တောင်းဆိုထား ပါတယ်။

ဒီဘုန်းတော်ကြီးဟာ လိင်မှု ဆိုင်ရာ မဖွယ်မရာ လုပ်တယ်လို့ သံသယ ရှိတဲ့ ခရစ်ယာန် ဘုန်ကြီးတွေကို အဖမ်းမခံ ရအောင် အကာ အကွယ် ပေးခဲ့ တယ် ဆိုပြီး စွပ်စွဲ ခံနေ ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။