BBC navigation

ဗြိတိသျှ မင်းသား အော်စကာ စံချိန်တင်

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 11:13 GMT

အီဘရာဟမ် လင်ကွန်း ဇာတ်ကားမှာ အမေရိကန် သမ္မတ အဖြစ် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့

၈၅ ကြိမ်မြောက် ဟောလီးဝုဒ် အော်စကာ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ ဗြိတိသျှ သရုပ်ဆောင် ဒန်နီရယ်လ် ဒေးလူးဝစ်က အကောင်းဆုံး သရုပ်ဆောင်ဆုကို သုံးကြိမ် မြောက် ဆွတ်ခူး ရရှိသွားတဲ့ အတွက် ဟော်လီးဝုဒ်မှာ ပထမဆုံး သမိုင်းဝင် သွားပါတယ်။

သူဟာ ဒါရိုက်တာ စတီဗင် စပီးလ်ဘာ့တ် ရိုက်ကူးတဲ့ ၁၆ ယောက်မြောက် အမေရိကန် သမ္မတ အီဘရာဟမ် လင်ကွန်း အကြောင်း ရိုက်ကူးထားတဲ့ ကားမှာ အမေရိကန် သမ္မတ အဖြစ် အကောင်းဆုံး သရုပ်ဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို အကြောင်းဆုံး ရုပ်ရှင် ဆုကိုတော့ Argo ဇတ်ကား ကရရှိသွားပါတယ်။ ဒီဇာတ်ကားဟာ ၁၉၇၉ ခုနှစ်တုန်းက အီရန်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် ဓားစာခံတွေ လွတ်မြောက်ရေး အကြောင်း ရိုက်ကူး ထားတဲ့ ကားဖြစ်ပါတယ်။

အကြောင်းဆုံး ဒါရိုက်တာ ဆုကတော့ အန်းလီ က Life of Pi ဇာတ်ကားနဲ့ ရရှိသွားပြီး၊ အဲဒီကားဟာ စုစုပေါင်း အော်စကာ ၄ ဆုနဲ့ ဆုအများဆုံး ဆွတ်သွားနိုင်ခဲ့ ပါတယ်။

စိတ်ပုံမှန် မဟုတ်တဲ့ အမျိုးသား တဦးရဲ့ ရယ်မော လွမ်းဆွတ်ဖွယ် အချစ် ဇာတ်လမ်းလေး ဖြစ်တဲ့ Silver Linings Playbook ဇတ်ကား ကနေ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို Jennifer Lawrence က ရရှိပါတယ်။

ဒါရိုက်တာ မိုက်ကယ်လ် ဟန်နကီရဲ့ ပြင်သစ် စကားပြော Amour ဇာတ်ကား ကတော့ အကောင်းဆုံး နိုင်ငံခြား ဇာတ်ကား ဆု ကို ရရှိသွားပါတယ်။

ဂျိမ်းစ်ဘွန်းကား ဖြစ်တဲ့ Skyfall မှာတော့ ဗြိတိသျှ အဆိုတော် Adele က အကောင်းဆုံး တေးဂီတ ဆုကို ရရှိ သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။